close
Connect with us

Hi, what are you looking for?

သတင်း

CDF ဟားခါးတပ်ဖွဲ့ ဦးဆောင်သူတွေ အချင်းချင်းပစ်ခတ်မှု ဒုဥက္ကဋ္ဌဟောင်း ကွယ်လွန်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

(ကွယ်လွန်သွားတဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်း။ ဓာတ်ပုံ - Chin World)

မေ-၁၆၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

မနေ့က မေလ ၁၅ရက်မှာ CDF ဟားခါး အထွေထွေအတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်နဲ့ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လင်း တို့ စကားများရာက ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ချင်းသတင်းရင်းမြစ်တွေ ချင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီ အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး People’s Spring ရဲ့ မေးမြန်းချက်ကို အတည်ပြုပေးပါတယ်။

Public Service Announcement

Public Service Announcement

“အချင်းချင်း စကားများရာကနေ ဖြစ်သွားတာပါ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

CDF ဟားခါးဟာ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

အခုလိုအချင်းချင်းပြဿနာကို လက်နက်နဲ့ ဖြေရှင်းတာဟာ အရေးယူရမယ့်ကိစ္စဖြစ်တယ်လို့လည်း ပြောပါတယ်။

“အဓိက အဖွဲ့အစည်း(CDF ဟားခါး)ရဲ့ စည်းမျဉ်း ဥပဒေ စစ်ဥပဒေတွေ ကျစ်လစ်ခိုင်မာဖို့လိုတယ်။ ကျစ်လစ်ခိုင်မာဖို့ ဆိုရင် လေးစားလိုက်နာဖို့ အရေးကြီးတယ်ပေါ့”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

CDF ဟားခါးဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။