close
Connect with us

Hi, what are you looking for?

သတင်း

ဒေါငံခါးရွာက ဘုရားကျောင်းကို စစ်တပ် မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ -၁၃၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့(မေလ ၁၃ ရက်) မနက် ၈နာရီဝန်းကျင်မှာ ဒေါငံခါးရွာက ငြိမ်းချမ်းခြင်းသခင်မဘုရားကျောင်း အတွင်းမှာရှိတဲ့ သိလရှင်အဆောင်တွေ မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။

“ စစ်တပ်က အဲ့ဒေါငံခါးနားတစ်ဝိုက်တော့ တပ်စွဲနေတာလနဲ့ချီကြာလာပြီ။ ဘုရားကျောင်းဝိုင်းအပါအဝင်ပေါ့ ။သူတို့ မီးရှို့ရတဲ့အကြောင်းရင်းတော့မသိပေမယ့်နေအိမ်၊ ဘုရားကျောင်းတွေကိုမီးရှို့ဖျက်ဆီးတဲ့အလေ့အကျင့်တော့အမြဲတမ်းလိုလို လုပ်လေ့ရှိတယ်” လို့ ဒီးမော့ဆိုမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မီးရှို့ခံရတဲ့ ဘုရားကျောင်းဝင်းက သီလရှင်အဆောင်တချို့ကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ စက်တင်ဘာမှာ စစ်တပ်က မီးရှို့ခဲ့ဖူးတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လ ၆ ရက်ကလည်း လက်နက်ကြီး ထိမှန်လို့ ဘုရားကျောင်းမျက်နှာစာနဲ့ ခေါင်းလောင်းစင် ပျက်စီးခဲ့ပါသေးတယ်။

ဒီးမော့ဆိုမြို့အထက်ပိုင်း ငွေတောင်ဆည်အနီးမှာရှိတဲ့ ဒေါငံခါးရွာမှာ ငြိမ်းချမ်းခြင်းသခင်မ ဘုရားကျောင်းကို ၁၉၆၁ က စတင်တည်ဆောက်ခဲ့တာလို့ ဒေသခံတချို့က ဆိုပါတယ်။

ကက်သလစ်ဘာသာဝင်တွေ ဝတ်ပြုကိုးကွယ်ပြီးအဓိဋ္ဌာန်ပြုတာနဲ့ ဘာသာရေးသင်တန်းတွေ ပို့ချခဲ့တဲ့ ရှေးဟောင်း သမိုင်းနေရာတစ််ခု ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၃က ဘုရားကျောင်းတော်တည်ထောင်တဲ့ နှစ်(၅၀)ပြည့် ရွှေရတုသဘင် ပြုလုပ်ခဲ့ကြပါတယ်။

ကရင်နီပြည်နယ်ထဲက သက်တမ်းနှစ်ချီကြာရှိတဲ့ ဒေါငံခါးရွာက မယ်တော်သခင်မ ဘုရားကျောင်း၊ မိုးဗြဲက ဘုရားကျောင်း နဲ့ ဒေါညင်းခူက ဘုရားကျောင်းတို့ကိုလည်း အာဏာသိမ်းစစ်တပ်က ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းအချို့က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုနှစ် ဧပြီလအထိ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသရှိ ဘာသာရေးအဆောက်အအုံ ၆၀ နီးပါးကို စစ်တပ်က ဖျက်ဆီးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက အသိပေးပါတယ်။

https://www.facebook.com/reel/1639700110637846

ရုပ်သံ – Ŝĥã Đøw

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်းက ဘုတ်ထန်းကျေးရွာကို ဒီနေ့ မေလ ၁၃ရက်ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။

Facebook