close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံး၊ ၅ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးမှုတွေ။ ဓာတ်ပုံ - KNU

မေ-၁၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၄ရက်မှာ လယ်ဒိုမြို့နယ် လယ်မူသောကျေးရွာကို တိုက်လေယာဉ်နဲ့ ၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကို KNUက ဧပြီ ၃၀ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။

အဲဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၅နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ (၃)နှစ်အရွယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်တွေ ပျက်စီးတဲ့အပြင် လယ်မူသောရွာဆေးခန်းရဲ့ လူနာဆောင်တွေပါ ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ KNU နယ်မြေအပါအဝင် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသကို လေကြောင်းတိုက်ခိုက်ရာမှာ အရပ်သား ပြည်သူနေအိမ်တွေအပြင် ကျန်းမာရေး၊ပညာရေးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာတွေ၊ လုပ်ကိုင် စားသောက်ရာလုပ်ငန်းခွင်တွေကို ဒရုန်း၊လက်နက်ကြီး၊ လေယာဉ်အမျိုးမျိုးနဲ့ နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက်ရှိလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့လည်း KNUက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့အခုလို ရာဇဝတ်မှုကျူးလွန်တာတွေကို ကန့်ကွက်ရှုတ်ချရုံသာမက ထိရောက်စွာ လက်တွေ့ကျကျ အရေးယူဖို့လည်း KNUက နိုင်ငံတကာနဲ့အာဆီယံကို မကြာခဏ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို သိမ်းပိုက်ဖို့လာတဲ့ စစ်တပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူများစွာရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး(AIF Myanmar)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

​မန္တလေးမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မန္တလေးတောင်ပေါ်မှာ အာဏာသိမ်းစစ်တပ်က ကင်းချထားပြီး တောင်တက်ကားလမ်းမှာ အားကစားပြုလုပ်သူတွေ တက်ရောက်ခွင့် ပိတ်ပင်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။