close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ခရီးစဉ် ပြီးဆုံးပြီးတဲ့နောက် ဘာမြူဒါနိုင်ငံဆီ ချားလ်စ်ဘုရင် သွားရောက်

အမေရိကန် ခရီးစဉ် အပြီးမှာတော့ ဗြိတိန်ဘုရင် ချားလ်စ်ဟာ ဘာမြူဒါနိုင်ငံကို ဆက်လက် သွားရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် ခရီးစဉ် အပြီးမှာတော့ ဗြိတိန်ဘုရင် ချားလ်စ်ဟာ ဘာမြူဒါနိုင်ငံကို ဆက်လက် သွားရောက်ခဲ့ပါတယ်။

ဧပြီ ၃၀ ရက်နေ့က ချားလ်စ်ဘုရင်ဟာ မြောက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာထဲက ဗြိတိန် လက်အောက်ခံ ကျွန်းနိုင်ငံငယ်လေးဆီ လေကြောင်းကနေ ဆိုက်ရောက်လာခဲ့ပါတယ်။

ချားလ်စ်ဘုရင်နဲ့ ကြင်ရာတော် ကယ်မီလာတို့ဟာ ၄ ရက်ကြာ အမေရိကန် ခရီးစဉ်ကို ဗာဂျီးနီးယား ပြည်နယ်မှာ အဆုံးသတ်ခဲ့တဲ့နောက် ချားလ်စ်ဘုရင်က ဘာမြူဒါဆီ ခရီးဆက်ခဲ့တာပါ။ အဲဒီ ခရီးစဉ်မှာတော့ ကယ်မီလာ လိုက်ပါမလာခဲ့ပါဘူး။

ချားလ်စ်ဘုရင်ဟာ ဘာမြူဒါရဲ့ မြို့တော် ဟယ်လ်မီတန်ကို သိုသိုသိပ်သိပ်ပဲ ရောက်ရှိလာခဲ့ပြီး မေလ ၁ ရက်နေ့ကျမှ သူ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားတွေကို တက်ရောက်ဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ချားလ်စ်နဲ့ ကာမီလာတို့ဟာ ကိန်းကြီးခန်းကြီးနိုင်ပြီး သံတမန်ရေးအရ အရေးကြီးတဲ့ ၃ ရက်တာကို ဝါရှင်တန်ဒီစီမှာ ဖြတ်သန်းခဲ့ပေမယ့် ဗာဂျီးနီးယားမှာတော့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးခဲ့ပြီး ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဗြိတိန် တော်ဝင်မိသားစုရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးကို အထူးတင်းကျပ်ထားလေ့ ရှိပေမယ့် ဗာဂျီးနီးယားမှာတော့ အမေရိကန် ပြည်သူတွေနဲ့ ပထမဆုံးအကြိမ် တိုက်ရိုက် တွေ့ဆုံခဲ့ပြီး လူထုကလည်း ချားလ်စ်နဲ့ ကာမီလာကို နွေးနွေးထွေးထွေး အော်ဟစ် ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

အမေရိကန်ကနေ ဘာမြူဒါဆီ ခရီးဆက်လာတဲ့ နောက်မှာတော့ ချားလ်စ်ဘုရင်ကို ဟယ်လ်မီတန်မှာရှိတဲ့ အယ်လ်အက်ဖ် ဝိတ်ဒ် နိုင်ငံတကာ လေဆိပ်မှာ ဗြိတိန် အစိုးရ ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူး အန်ဒရူး မားဒေါ့ချ်၊ ဘာမြူဒါ ဝန်ကြီးချုပ် ဒေးဗစ် ဘာ့ထ်နဲ့ တခြားအရာရှိတွေက ကြိုဆိုခဲ့ကြပါတယ်။

ဘာမြူဒါ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ချားလ်စ်ဘုရင်ဟာ မေလ ၁ ရက်နေ့ ညနေပိုင်းကျရင် သေနတ် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုမှု အပါအဝင် နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုပွဲတွေကို တက်ရောက်မယ်လို့ ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြောင်း အီရန်အစိုးရ အဓိပတိ မော့ဂျ်တာဘာ ခါမေနီက ပြောကြားခဲ့ပါတယ်။ အီရန် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေဖို့ အမေရိကန်ရဲ့ ရေတပ်အင်အားသုံး ပိတ်ဆို့မှုတွေဟာ လနဲ့ချီ ကြာမြင့်နိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်မှု အပြီးမှာ...

နိုင်ငံတကာ

ဗြိတိန်နဲ့ အမေရိကန်ကြား ပိုမို ညီညွတ်ကြဖို့ အမေရိကန် လွှတ်တော် မိန့်ခွန်းမှာ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်က တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရှိနေတဲ့ ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ထရမ့်နဲ့ အစိုးရ အရာရှိကြီးတွေကို ပစ်မှတ်ထားဖို့ အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။