close
Connect with us

Hi, what are you looking for?

သတင်း

ဝေါ​လေဗျူဟာမှာတိုက်ပွဲပြင်းထန်စဥ်ထိုင်း F-16 တိုက်​လေယာဥ်​တွေနယ်စပ်မှပျံသန်း ၊စစ်တပ်ကနယ်စပ်မှာ ဗုံးဆက်ကြဲ

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

ဧပြီ-၂၉၊၂၀၂၆။နွေဦး/People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယ​နေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ဝေါ်လေဗျူဟာကုန်းစခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်​နေတာ ဖြစ်ပါတယ်။

လက်တလောမှာ တိုက်ပွဲရက်ဆက်ပြင်းထန်နေပြီး ကုန်း​ကြောင်းက​နေ စစ်ကူပို့မရ​တော့တဲ့စစ်တပ်က လေကြောင်းကနေ အသည်းအသန်ပစ်ကူပေးနေရပါတယ်။

Public Service Announcement

Public Service Announcement

KNLAဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​မှုကြောင့် ဝေါ်လေဗျူဟာတပ်စခန်းက စစ်သားတွေ သေဆုံး ထိခိုက်သူများနေလို့ စစ်တပ်က ဧပြီ ၂၇ရက် တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ အနည်းဆုံး ၁၆ကြိမ် ဗုံးကြဲ ပစ်ကူပေးခဲ့တာလို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဧပြီ ၂၈ရက်မှာလည်း စစ်တပ်က ဝေါ်လေဗျူဟာကုန်းအနီးဝန်းကျင်နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၉ မနက်မှာတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေတာ​ကြောင့် ဝေါ်လေ‌ဗျူဟာကုန်း နဲ့ တိ့သဲလယ် စခန်းရဲ့မျက်နှာချင်းဆိုင်ထိုင်းနိုင်ငံ ဘက်ခြမ်းမှာရှိတဲ့ ဖုတ်ဖရဒေသကို ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂ စင်းနဲ့ ထိုင်းအချိန် မနက် ၁၁ နာရီ ၁၀ မိနစ် (မြန်မာစံ​တော်ချိန် (၁၀ နာရီ ၄၀မိနစ်)မှာ ကင်းလှည့်နေစဉ် အာဏာသိမ်းစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းတိုက်​လေယာဥ်​တွေက နယ်စပ်ထိုင်း​လေပိုင်နက်မှာ ပျံသန်း​​ပေးတာ​ကြောင့် ​နယ်စပ်ကဒေသခံထိုင်းပြည်သူ​တွေ စိတ်လုံခြုံမှုရ​စေတယ်လို့ ထိုင်းပြည်သူအချို့က​ရေးထားပါတယ်။

ဝေါ်လေဗျူဟာရဲ့ ကာကင်းစခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းဆည်းထားပါတယ်။

စစ်တပ်ကဝေါ်လေဗျူဟာကို မြဝတီဘက်က​​နေစစ်ကူပို့နိုင်ဖို့ ကြိုးစား​ပေမယ့် မင်းလက်ပံ နဲ့ ဖလူးရွာက​နေ ​​KNLA ၊PDF ၊KNDO ပူး​ပေါင်းတပ်​တွေရဲ့ ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်မှု​ကြောင့် လ​ပေါင်းများစွာ​ရှေ့မတိုးနိုင်ခဲ့ပါဘူး။

​

ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည်ပိတ်ဆို့ဖြတ်​တောက်ထားပြီးမှစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ စစ်ကူစစ်​ကြောင်း​တွေပို့မရတာ​ကြောင့် စစ်တပ်ကလက်နက်ခဲယမ်းနဲရိက္ခာ​တွေကို လေယာဉ်နဲ့ စစ်ကောင်စီက ချပေးနေတာဖြစ်ပါတယ်။

ဒါအပြင် စစ်တပ်ကဝေါ်လေဗျူဟာကုန်းကို စစ်ကူပို့နိုင်ဖို့ တရုတ်အစိုးရဖိအားနဲ့ ထိုင်းနိုင်ငံကို အကူအညီတောင်းပြီး အဲဒီဘက်ခြမ်းကနေ စစ်ကူပို့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ရုပ်သံ – Ek Kiattisak@

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။