close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေကြောင်း သက်သေပြပေးဖို့နဲ့ မေဒေးအကြိုလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြပေးဖို့နဲ့ မေဒေးအကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၃၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - GSCB၊ ကလေးလူထုသပိတ်၊ ဝက်လက်သပိတ်၊ ရွှေဘိုသပိတ်အင်အားစု

ဧပြီ-၃၀၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြပေးဖို့နဲ့ မေဒေးအကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၃၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့ အတူ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ “ Proof of Life” ကမ်ပိန်းကို ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက မေလ ၁ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) အကြိုအထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

“ စုပေါင်းဖွဲ့စည်းခွင့်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်” ၊ “ စစ်အာဏာရှင်ရဲ့ သုံးပွင့်ဆိုင် ယန္တရား အလုပ်သမားထုက မလိုလား” ၊ “ အလုပ်နေရာတွင် တရားမျှတမှုရှိမှ လူမှုအသိုင်းအဝိုင်းလည်း ရှိမည်” ဆိုတဲ့ ကြွေးကြော်သံပါစာသားတွေ ကို လူစည်ကားရာနေရာတွေမှာ လိုက်လံကပ်ခဲ့ပါတယ်။

ဒါအပြင် မေဒေးနေ့ အကြိုတောင်းဆိုမှုအဖြစ်နဲ့ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်နဲ့ စုပေါင်းအရေးဆိုခွင့် အပါအဝင် အခြေခံအလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိရေး ၊ အလုပ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အကြမ်းဖက် အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းအဆုံးသတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိသေးကြောင်း စစ်အစိုးရ အနေနဲ့ သက်သေပြပေးဖို့အတွက် နိုင်ငံတကာခေါင်းဆောင်တွေ ကမ္ဘာ့ပြည်သူတွေအနေနဲ့ လူအခွင့်အရေးအရဖြစ်စေ၊ လူသားချင်းစာနာမှုအရဖြစ်စေ ဝိုင်းဝန်းတောင်းဆိုပေးဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်မှာ ပြစ်ဒဏ်တွေ ဆက်လက်ကျခံစေဖို့ ပြောင်းလဲသတ်မှတ်တာဟာ နေအိမ်အကျယ်ချုပ်ထားရှိတယ်လို့ ပြောလို့မရဘဲ ဘယ်သူမှ မသိရှိတဲ့နေရာမှာ ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း NLD သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားတဲ့ ရှီဘူယဘူတာအနီးမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဧပြီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ Beaconsfiel ပန်းခြံမှာ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူ​တွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှု ဒီကနေ့ (ဧပြီ ၂၆)မှာ ပြုလုပ်ခဲ့ကြပါတယ်။