close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနဲ့ မြင်းခြံမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ပြည်သူတွေ သတ်ဖြတ်နှိပ်စက်နေ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

ဧပြီ−၁၀၊၂၀၂၆/ရှိန်း/People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

ဒီရုပ်သံဖိုင်ကို မြင်းခြံခရိုင် တပ်ရင်း၄-၁၀ ရဲ့တပ်ရင်းမှူးက ထုတ်ပြန်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်တ‌စ်ဦးရဲ့ ဖုန်းထဲက မှတ်တမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ တော်လှန်ရေးက ဘာကြောင့်လုပ် နေရသလဲဆိုတဲ့အခြေအနေ တွေကို ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ရဲဘော်တွေအကုန်လုံးသိ အောင်ချပြခြင်းဖြစ်တယ်” လို့ တပ်ရင်းမှူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်သံဖိုင်မှာတော့ စစ်‌‌သားတွေက ပြည်သူအမျိုးသားနှစ်ဦးကို ဖမ်းဆီးထားကာ ခြေထောက်နဲ့ လက်တွေကို ကြိုးတုပ်ပြီး ကြိုးတုပ်ရက် ‌‌သွားခိုင်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ” ခုန်ဆွ၊ခုန်ဆွသရဲ တွေ။ဒီညဂန်းသံကြားရင် ကျန်တဲ့ ကောင်တွေ သေမှာပဲ။ တချက်ကြားရင် တယောက်ရှောမယ်” စတဲ့ စကားလုံးတွေနဲ့ ခြိမ်းခြောက် ပြောဆိုပါတယ်။

အဲဒီရဲကွန်မန်ဒိုစစ်ကြောင်းဟာ နွားထိုးကြီးမြို့နယ်က မြဝတီနဲ့ တော်ဝေးကျေးရွာက အမျိုးသမီး ၄ဦးကို အဓမ္မပြုကျင့်ခဲ့သလို ကျေးရွာတွေကို မီး လောင်ဗုံးကြဲ မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြင်းခြံမြို့နယ် နဘူးအိုင်ရွာက နေအိမ်တွေက ပစ္စည်းတွေသယ်ကာ ကျေးရွာကို မီးရှို့ခဲ့သလို ဖက်ပင်အိုင်ကျေးရွာကို ဧပြီ ၅ ရက်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၈ ဦးကို သတ်ဖြတ်ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိလည်း စစ်တပ်က မြင်းခြံမြို့နယ်က ဇီးပင်ကန်ရွာ၊ကျောက်ကန်ရွာနဲ့ သစ်ရုံရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ကာစစ်ကြောင်းထပ်ထိုး နေတယ်လို့ သိရပါတယ်။

(နွားထိုးကြီးနဲ့ မြင်းခြံမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Screengrab) 

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တ‌လေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ပန်းပေါင်းကျေးရွာက ဒေသခံ ၂ဦး သတ်ဖြတ်ကာ ကျေးရွာကို မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။