close
Connect with us

Hi, what are you looking for?

သတင်း

MODကွပ်ကဲမှုခံယူတဲ့ NLAတပ်ကို တမူးခရိုင် ကွပ်ကဲရေးက ကားတစ်စီး ထောက်ပံ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ကို တမူးခရိုင်ကွပ်ကဲရေးကနေ ကားတစ်စီး ထောက်ပံ့ပေးလိုက်ပါတယ်။

ဧပြီ-၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ကို တမူးခရိုင်ကွပ်ကဲရေးကနေ ကားတစ်စီး ထောက်ပံ့ပေးလိုက်ပါတယ်။

NLAဟာ မတ်လ ၂၀ရက်​မှာ MODအမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူတာဖြစ်ပြီး တမူးခရိုင်အမှတ်(၆)တပ်ရင်းအဖြစ် ဖွဲ့စည်းထားပါတယ်။ ထောက်ပို့အဖြစ် အသုံးပြုဖ်ို့ ကားတစ်စီး ထောက်ပံ့ပေးတဲ့သတင်းကို တမူးခရိုင်ကွပ်ကဲရေးက ဒီနေ့ ဧပြီ ၈ရက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

မကြာသေးမီကလည်း တမူးခရိုင်က PDF တပ်ရင်းတွေကို ပြည်သူလူထုက လှူဒါန်း‌တဲ့ ငွေတွေနဲ့ ကားတစ်စီးစီအပြင် ကျည်ကာနဲ့ Equipment တွေ တမူးခရိုင်ကွပ်ကဲ​ရေးကပေးအပ်တပ်ဆင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

NLAက ကွပ်ကဲမှုမခံယူခင်အထိတမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ရင်းရှိပါတယ်။

အခုအခါမှာ NLAကို တပ်ရင်း(၆)အဖြစ် ဖွဲ့စည်းလိုက်တာမို့ တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၆)ရင်း ရှိလာပါတယ်။

အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်က ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

ဓာတ်ပုံ – တမူးခရိုင်

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊အမှတ်( ၁ )စစ်ဒေသ၊ တမူးခရိုင်အမှတ်(၂)တပ်ရင်းက အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ (၂၇) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက လာမယ့် ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာမှာ လူသေဆုံးမှုဖြစ်တဲ့ ဓားပြတိုက်မှုဖြစ်စဉ်ပါဝင်သူတွေကို ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။