close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်နဲ့ ထရမ့်အတွက် အောင်ပွဲလို့ အိမ်ဖြူတော် ကြေညာ

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်နဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်အတွက် အောင်ပွဲကြီးတစ်ရပ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်နဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်အတွက် အောင်ပွဲကြီးတစ်ရပ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၇ ရက်နေ့မှာ ထရမ့်က သူဟာ အီရန်ရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဗုံးကြဲဖျက်ဆီးပစ်မယ့် အစီအစဉ်ကို သီတင်းနှစ်ပတ် နောက်ဆုတ်ထားမှာ ဖြစ်သလို အဲဒီအတောအတွင်း အပစ်အခတ် ရပ်စဲထားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အီရန်ကလည်း လက်ရှိ ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ့်အကြောင်းနဲ့ အပစ်ရပ်ဖို့ သဘောတူကြောင်း အတည်ပြုခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ဒီသဘောတူညီမှုဟာ အမေရိကန်နိုင်ငံနဲ့ သမ္မတ ထရမ့်အတွက် အမေရိကန် စစ်တပ်က ရယူပေးခဲ့တဲ့ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ထရမ့်ဟာ အီရန် ပိတ်ဆို့ထားခဲ့တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးနိုင်ခဲ့ပြီလို့လည်း သူက ညွှန်းဆိုထားခဲ့ပါတယ်။

အီရန်မှာ ဆင်နွှဲမယ့် Epic Fury စစ်ဆင်ရေးဟာ သီတင်း ၆ ပတ်လောက် ကြာမြင့်နိုင်တယ်လို့ ထရမ့်က စစ်ပွဲစချိန် ကတည်းက ခန့်မှန်းထားပြီး ဖြစ်ကြောင်း၊ လက်တွေ့မှာတော့ အမေရိကန်ဟာ စစ်ရေးရည်မှန်းချက် အားလုံးကို ပြည့်မြောက်စေတဲ့အပြင် ကျော်လွန်အောင်မြင်တဲ့ထိ ၃၈ ရက်တည်းနဲ့ စွမ်းဆောင်ပြခဲ့ကြောင်းလည်း လီယာဗစ်က ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးအရ အောင်မြင်မှုတွေက သမ္မတ ထရမ့်ရော၊ ခက်ခဲတဲ့ ညှိနှိုင်းမှုတွေမှာ ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တွေ အတွက်ပါ အမြင့်ဆုံး အားသာချက်တွေကို ရရှိစေခဲ့သလို ရေရှည် ငြိမ်းချမ်းရေးအတွက် သံတမန်ရေး နည်းလမ်းကနေ ဆွေးနွေး အဖြေရှာမယ့် လမ်းကြောင်းတွေကို ဖန်တီး ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ထရမ့်ကိုယ်တိုင်ကလည်း အီရန်နဲ့ ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်အတွက် ပြီးပြည့်စုံပြီး မေးခွန်းထုတ်စရာ မလိုတဲ့ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ AFP သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧပြီ-၈၊၂၀၂၆။People’s Spring ထိုင်းနိုင်ငံ​တောင်ပိုင်းက ခရာဘီလေဆိပ်မှာ အမေရိကန် စစ်လေယာဉ်တွေ အဆင်းအတက် ပြုလုပ်နေခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်စရာ မလိုကြောင်း ထိုင်းလေတပ်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခရာဘီ နိုင်ငံတကာ လေဆိပ်မှာ အမေရိကန်ရဲ့ C-130 စစ်ဘက် သယ်ယူပို့ဆောင်ရေး...

နိုင်ငံတကာ

အီရန်မှာ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီချက်ဟာ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို အကျုံးဝင်စေမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ညှိနှိုင်းနေမှုတွေမှာ အီရန်က အလျှော့ပေးလိုက်တဲ့ သဘောအဖြစ် နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲပြီး ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-35 အဆင့်မြင့် တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ထုတ်ပြန်ခဲ့ပါတယ်။