close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်​ရှောင်​တွေ​နေတဲ့ဘုန်းကြီး​ကျောင်းဗုံးကြဲခံရ သံဃာတပါး အပါအဝင် ၂ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ဆင်အင်းရွာက စစ်‌ ​ဘေး​ရှောင်ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်ဗုံးကြဲခံရပြီး သံဃာတပါးနဲ့ အမျိုး
သမီးတဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

​ရွှေဘိုမြို့နယ် ၊ဆင်အင်းရွာ ကို စစ်တပ်က ၂၀၂၂ ဒီဇင်ဘာလမှာပြည်သူ​တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အိမ်​တွေကိုမီးရှို့လို့မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-​ဒေသခံ

■က​လေးငယ်​တွေကို ဗုံးခိုကျင်းထဲဝင်ခိုင်းပြီးချိန်မှာ ဗုံးကြဲခံရပြီး​တော့ ဆရာ​တော်ပျံလွန်

ဧပြီ၇၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ဆင်အင်းရွာက စစ်‌ ​ဘေး​ရှောင်ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်ဗုံးကြဲခံရပြီး သံဃာတပါးနဲ့ အမျိုး
သမီးတဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဧပြီလ၆ရက်၊ မနက် ၁၁နာရီမှာ ရွှေဘိုမြို့နယ်အ
နောက်ခြမ်း ဆင်အင်းရွာဘုန်းကြီး ကျောင်းကို စစ်တပ်က လေကြောင်းက​နေ ဗုံးကြဲခဲ့တာပါ။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခံရမှုမှာ ကလေးတွေကို စာသင် ပေး နေတဲ့ ဦးဇင်းတပါး နေရာမှာတင် ပျံလွန်ခဲ့ပြီး ခြေထောက်ကိုထိမှန်ခဲ့တဲ့ အမျိုးသမီးဟာ ဆေးကု သနေစဉ်မှာပဲ သေဆုံးခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ်။

“ ဦးဇင်းက ကလေး တွေကိုဗုံးခိုကျင်းထဲ ဝင်ခိုင်းပြီး သူက ဗုံးကျင်းထိပ်မှာ ရောက်တဲ့အချိန် အကြဲခံလိုက်ရပြီးကျသွားတာပါ။အမျိုးသမီးက တော့ပထမ ခြေထောက်ဖျက်လိုက်ရတယ်။ ဆေးကုသ နေချိန်မှာပဲကျသွားတာ။ထိတာက တော့ စစ်ရှောင် တွေ ရော ၈ ယောက် လောက်ထိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ရှောင် တွေနေတဲ့ နေရာနဲ့ စာသင် ကျောင်းနှစ်ခုစလုံးကိုစစ်တပ်ကဗုံးကြဲသွားတာဖြစ်ပြီး အ
ဆောက်အဦး ပျက်စီးမှုလည်းရှိတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ မြို့တွေ ပေါ်မှာ သင်္ကြန်ပွဲကို စည်ကားအောင်လုပ်ဖို့ အကြီးကျယ်ပြင်ဆင်နေ​ပေမယ့် ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေက ကျေး
ရွာ တွေဘက်ကို​တော့ ​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်မှု​တွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါအပြင် ဒီ​နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု​တွေမှာ အနည်းဆုံး လေယာဉ်၂စီးက နေ ၇စီးအထိ အသုံးပြု ပြီး​တော့ အုပ်စုဖွဲ့လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ် နေတယ်လို့ ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဆည်အင်းကျေးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားလို့ သံဃာတော်ချို့အပါအဝင်စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။