close
Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးပျက်စီးမှုတွေရှိခဲ့တယ်လို့ဖော်ပြပါတယ်။

ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ − KNU

ဧပြီ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးပျက်စီးမှုတွေရှိခဲ့တယ်လို့ဖော်ပြပါတယ်။

ဧပြီ ၁ရက် မနက်မှာ စစ်တပ်က ဘီးလင်းမြို့နယ် လေးကေရွာကို ပေါင် ၃၀၀ ဗုံးသီးတွေနဲ့ ၄ကြိမ်ကြဲချတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူလူထုနေအိမ် ၁၂လုံး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဧပြီ ၂ရက်ညပိုင်းမှာလည်း စစ်တပ်ဟာ လေးကေဘုန်းကြီးကျောင်းကို ထပ်မံ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်လာတာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာ စစ်တပ်ဟာ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂ရက် ညသန်းခေါင်မှာလည်း Y12 လေယာဉ်နဲ့ ၆ကြိမ် ဗုံးသီး ၃၂လုံး ကြဲချရာ လေးကေရွာအနီးဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

စစ်တပ်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းယူချိန်မှ တရားမဝင် ရွေးကောက်ပွဲ ကျင်းပအတင်းအဓမ္မ အာဏာလွှဲယူတဲ့အထိ နိုင်ငံတဝန်း အရပ်သား ပြည်သူနေထိုင်ရာ အဆောက်အဦးတွေဘုန်းကြီးကျောင်း။ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်နေဆဲဖြစ်ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း က ဖလူးကြီးကျေးရွာ ကို စစ်ကောင်စီတပ်က ဒီနေ့ (မတ်လ ၂၈ ရက် ) နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် နေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။