close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး အရှေ့မြို့ပတ်လမ်းမှာ အဝတ်အစားမဲ့ အမျိုးသမီးရုပ်အလောင်းတွေ့

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧပြီ−၅၊ ၂၀၂၆ ။မေရီ/People’s Spring

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၅ ရက် မနက် ၅ နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အရှေ့မြို့ပတ်လမ်းပေါ် က KTV နဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုရှေ့မှာ အမျိုးသမီးငယ်တစ်ဦး အဝတ်အစားတွေမပါဘဲ သေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ အမျိုးသမီးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ရဲတွေတော့ ရောက်လာတာတွေ့တယ်” လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါရုပ်အလောင်းနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပါဘူး။

ရုပ်အလောင်းကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက စစ်ဆေးပြီး လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကိုသယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာဟာ လူနေကျဲပါးပြီး မကြာခဏ လုယက်မှုတွေဖြစ်ပွားလေ့ရှိကြောင်း၊ မနေ့ကပဲ အဆိုပါအခင်းဖြစ်ပွားရာနဲ့မနီးမဝေးက ရဲမွန်တောင်ရပ်ကွက်ထဲမှာ သုံးဘီးယာဥ်တစ်စီး ဓားထိုးလုယက်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လူသေဆုံးသည်အထိ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေ မြို့တစ်မြို့ဖြစ်တဲ့ ဟွာဟင်းမှာ လူသတ်မှု သံသယ တရားခံ တစ်ဦးကို ရဲတွေက ပိတ်ဆို့ရှာဖွေဖို့ ကြိုးစားနေပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

သတင်း

ဟင်္သာတမြို့​ပေါ်တွင် ယနေ့ ညနေပိုင်း၌ သွားဆရာဝန်ဇနီး​လင်မယားအသတ်ခံလိုက်ရသည်။

သတင်း

သေဆုံးသူမှာ ကျားဖြန့်သံသယဖြင့်တရုတ်ကဝရမ်းထုတ်ထား​သော ဝတပ်ဖွဲ့အရာရှိ​ဟောင်း အိုက်​ဟော့​၏ ညီဟုသတင်းထွက်​ပေါ်