close
Connect with us

Hi, what are you looking for?

သတင်း

ပေါင်မြို့နယ်မှာ ​တောင်သူ​တွေရေတင်စက်နဲ့အုပ်ကြီး​ထောက်ခံစာပြ တန်းစီပြီးစက်သုံးဆီဝယ်​နေရ

မွန်ပြည်နယ် ၊​ပေါင်မြို့နယ်မှာ စစ်​ကောင်စီလက်​အောက်ခံအုပ်ချုပ်​ရေးမှူး​တွေနဲ့ စက်သုံးဆီဆိုင်​တွေက ​တောင်သူ​တွေကို စက်သုံးဆီဝယ်ဖို့ အုပ်ချုပ်​ရေးမှူး​ထောက်ခံစာ အပြင် ​ရေသွင်းစက်​တွေကိုပါတန်းစီမှ​​ရောင်း​ပေးလို့ ​တောင်သူ​တွေ​ရေတင်စက်​တွေ တန်းစီပြီ ဆီဝယ်ယူ​နေရပါတယ်။

(​ပေါင်မြို့နယ်မှာ စက်သုံးဆီဝယ်ဖို့ ​တောင်သူ​တွေ ​ရေတင်စက်​တွေကိုပြပြီး တန်းစီ​နေကြရစဥ်။ ဓါတ်ပုံ-​နေ့သစ်)

မတ်-၃၁၊၂၀၂၆။​နေ့သစ်/People’s Spring

မွန်ပြည်နယ် ၊​ပေါင်မြို့နယ်မှာ စစ်​ကောင်စီလက်​အောက်ခံအုပ်ချုပ်​ရေးမှူး​တွေနဲ့ စက်သုံးဆီဆိုင်​တွေက ​တောင်သူ​တွေကို စက်သုံးဆီဝယ်ဖို့ အုပ်ချုပ်​ရေးမှူး​ထောက်ခံစာ အပြင် ​ရေသွင်းစက်​တွေကိုပါတန်းစီမှ​​ရောင်း​ပေးလို့ ​တောင်သူ​တွေ​ရေတင်စက်​တွေ တန်းစီပြီ ဆီဝယ်ယူ​နေရပါတယ်။

​ရေတင်စက်​တွေသယ်လာပြီး တန်းစီဝယ်ယူလည်းဆီဆိုင်က ​တောင်သူတဦး ၊စက်တစ်လုံးကို ၁ လီတာပဲ​ရောင်း​ပေးတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ စက်အကြီးအ​သေး မခွဲပဲ ၁ လီတာပဲဝယ်ခွင့်ရတယ်လို့​တောင်သူ​တွေက​ပြောပါတယ်။

“ ဒူရင်း၊ ဖရဲခြံ ဆိုတဲ့ အုပ်ကြီးလက်မှတ်လေး လဲ ၂၀၀၀ နဲ့ ယူသွားရပါဦမယ်။စက်နဲ့ အုပ်ကြီး လက်မှတ်မပါရင် ဆီတန်ခွင့်မရပါဘူး” လို့​ဒေသခံ​တောင်သူတဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲလိုတန်းစီပြီးစက်သုံးဆီ ၁ လီတာကို ၇၀၀၀ ကျပ်နဲ့ဝယ်ယူရတာဖြစ်ပြီး အပြင်​မှောင်ခို​​ဈေးကွက်မှာ​တော့ ၁ လီတာကို ၁၀၀၀၀ ကျပ်က​နေ ၁၂၀၀၀ ကျပ်အတွင်း​ဈေးရှိပါတယ်။ ​​တောင်သူ​တွေဟာစိုက်ပျိုး​​ရေးအတွက်​ရေတင်ဖို့စက်သုံးဆီဝယ်ရခက်ခဲတာ ၊သွင်းအားစု​တွေ​ဈေးကြီးတာ ၊ ဆီ​ဈေးကြီးတာ​တွေ​ကြောင့်အခက်အခဲကြုံ​နေကြတယ်လို့ ​ပြောကြပါတယ်။​ရေသွင်းမရရင် စိုက်ပျိုးသီးနှံ​တွေ ပျက်စီးမယ့် အန္တရာယ်ကိုလည်းရင်ဆိုင်​နေရတယ်လို့​ပြောကြပါတယ်။

အီရန်စစ်ပွဲ​ကြောင့်ကမ္ဘာတစ်​ဝန်းစက်သုံးဆီ အခက်အခဲကြုံ​နေတာမှာ စစ်​ကောင်စီရဲ့ မကြာခဏ​ပြောင်း​နေတဲ့ဆီဝယ်ရတဲ့ပုံံ ၊ ​ဈေးကြီးပြီးအနည်းငယ်သာ​ရောင်း​ပေးမှု ၊ လာဘ်​စားမှု​ စတာ​တွေ​ကြောင့်ပြည်သူ​တွေ ဆီဝယ်ဖို့ ပိုခက်ခဲ​နေတယ်လို့ ပြည်သူ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကနေ ပေါင်မြို့နယ်ဘက်မောင်းလာတဲ့ ရထားနဲ့ ကားတစီးတိုက်မိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အဆိုပါစီးနင်းမှုကို မေလ ၁ ရက် နံနက် ၄ နာရီခွဲတွင် 'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ဆိုသူနှင့် အဖွဲ့ဝင်များ ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။