close
Connect with us

Hi, what are you looking for?

သတင်း

(၄)နှစ်အရွယ်ကလေးငယ် နေမကောင်းလို့ စစ်ကောင်စီရဲ့တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်ပြီး​နောက်သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးခဲ့ရတဲ့ မောင်ဖုန်းမြတ်ရဲ့ နာရေးကို လိုက်ပါပို့ဆောင်နေကြစဉ်။ ဓာတ်ပုံ − Saw Moe Kaung Kin/FB

မတ်-၃၀၊၂၀၂၆/People’s Spring

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၂၉ ရက်မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာက (၄)နှစ်အရွယ် မောင်းဖုန်းမြတ်ဟာ ဝမ်းသွားပြီး နေမကောင်းတာကြောင့် အဘွားဖြစ်သူက ကလေးငယ်ကိုခေါ်ပြီး စစ်ကောင်စီရဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ​ဒေါက်တာသက်ထူး​အေး​အောင်ရဲ့ ပြင်ပမှာဖွင့်ထားတဲ့ အာယုသုခဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။

အဲ့ဒီနောက် ဆရာဝန်က ကလေးငယ်ကို စစ်ဆေးပြီးနောက် ဆေးရုံကြီးမှာ ဆေးသွားထိုးဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် တိုက်နယ်ဆေးရုံက အခြားဆရာဝန်တွေက ဆေးထိုးပြီးနောက် အိမ်ပြန်စဉ်လမ်းမှာ ကလေးငယ် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အကြောင်းက ဆေးခန်းပြတယ်။ ဆေးရုံထဲလွှတ်ပြီးဆေးထိုးခိုင်းတဲ့ပုံစံပါ။ ဆေးရုံရောက်တော့ ဆရာမ တစ်ယောက်က ဆေးထိုးတယ် ကလေးအဖွားက မထိုးဘူးပြောတော့ မထိုးရင် ဆရာပြောလိမ့်မယ်ဆိုပြီးထိုးလိုက်တာ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး အခြားဆရာဝန်တစ်ဦးက “ ၁၂ အောက်ကလေး ဘယ်ဆရာဝန်မှ ဆေးမထိုးဘူး လေ။ အဲ့မှာထဲက အဲ့ဆရာဝန်က မှားနေပြီ “ လို့ ပြောပါတယ်။

ဒေါက်တာသက်ထူး​အေး​အောင်ဟာ ​ဆေးခန်းကိုလာပြတဲ့လူနာ​တွေကို ​အခုလိုပဲ ​သူတာဝန်ခံတာဝန်ယူထားတဲ့ ​ဆေးရုံကိုလွှတ်ပြီး ​ဆေးထိုးခိုင်း​လေ့ရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။ဒါ့အပြင် လူနာတွေကြည့်ရှုရာမှာ ရိုင်းစိုင်းစွားပြောဆိုတာတွေမကြာခဏလုပ်လေ့ရှိသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၀ ရက်မှာတော့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ကလိကျွန်းသုဿန်မှာ မီးသဂြိုလ်ခဲ့ကြပါတယ်။

“ ရွာကလူကြီးနည်းနည်းခေါ်ပြီး ဆရာဝန်ဆီသွားပြောပြတော့ဆရာဝန်က အမှုဖွင့်ချင်ဖွင့်၊ တရားစွဲချင်စွဲကြိုက်သလိုလုပ်ဆိုပြီး ခပ်အေးအေးပဲပြန်ပြောလိုက်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်စခန်း နေရာ ၅ခုကို တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMDP)/ ရာမညမွန်တပ်တော် (RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက KNU တပ်မဟာ (၁) ထိန်းချုပ်ရာ ပျဉ်းမပင်ဆိပ်ရွာကိုမနေ့ (အောက်တိုဘာ ၉ ရက်) ညပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ကလေး ငါးဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နှင့် ရေးမြို့နယ် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။