close
Connect with us

Hi, what are you looking for?

သတင်း

အစိုးရ ရုံးတွေမှာ ဓာတ်အား သုံးစွဲမှု လျှော့ဖို့၊ အဲကွန်းတွေ ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် ညွှန်ကြားထား

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။

အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာ လောင်စာဆီ ရှားပါး ပြတ်လပ်လာတာကို တန်ပြန်တဲ့ အစီအမံ တစ်ရပ်အနေနဲ့ မတ်လ ၃၀ ရက်နေ့မှာ အဲဒီ အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

လူဦးရေ သန်းပေါင်း ၁၇၀ လောက် နေထိုင်တဲ့ အာရှတောင်ပိုင်း နိုင်ငံအတွက် လိုအပ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ စုစုပေါင်း ၉၅ ရာခိုင်နှုန်းလောက်ကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းက ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်း စွမ်းအင် ဖူလုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ကြုံတွေ့လာစေပါတယ်။

အစိုးရရဲ့ ပြည်သူ့စီမံအုပ်ချုပ်ရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေ ထုတ်ပြန်ရာမှာတော့ ရုံးတွေမှာ အနည်းဆုံး လိုအပ်တဲ့ ပမာဏမျိုးထိပဲ မီးတွေ ဖွင့်ကြဖို့၊ ပန်ကာတွေ၊ အဲကွန်းတွေနဲ့ တခြား အီလက်ထရောနစ် ပစ္စည်းတွေကို တတ်နိုင်သမျှ မသုံးကြဖို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ထမ်းတွေဟာ အလုပ်ချိန် ပြီးတာနဲ့ မီးတွေကို ပိတ်ရမယ်လို့ ညွှန်ကြားခံထားရသလို မဖြစ်မနေ အဲကွန်းဖွင့်ရမယ် ဆိုရင်လည်း အပူချိန်ကို ၂၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် လျှော့မဖွင့်ဖို့ အမိန့်ပေးထားပါတယ်။

လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်ဟာ အရေးပေါ် ကြုံတွေ့နေတဲ့ စွမ်းအင် အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာ မိတ်ဖက်တွေဆီက ဒေါ်လာ ၂ ဘီလီယံလောက် ချေးယူနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ လောင်စာ အကျပ်အတည်းကို ထိန်းညှိလျှော့ချဖို့အတွက် ပြည်တွင်းမှာ စက်သုံးဆီကို ခွဲတမ်းနဲ့ ရောင်းချတာ၊ ဓာတ်မြေဩဇာ စက်ရုံအများစုကို လည်ပတ်မှု ရပ်ဆိုင်းစေတာ၊ မသမာမှုတွေ မဖြစ်စေဖို့ ဆီဆိုင်တွေမှာ ရဲအင်အား ဖြန့်ကျက်ထားရှိတာမျိုး အစီအမံတွေကိုလည်း ကျင့်သုံးနေပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။

အတွေးအမြင်

မနက်က ထုံးစံအတိုင်း မျက်စိနှစ်လုံးပွင့်လို့ Tiktok ဖွင့်ကြည့်ချိန် အံ့အားသင့်စရာ ဗွီဒီယိုတစ်ပုဒ်တွေ့ပါတယ်။ မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း BOC ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာပါတဲ့။ ဒီကာလထုံးစံအတိုင်း စက်သုံးဆီတွေ တန်းစီရပါတယ်။ BOC ဆီဆိုင်မှာလည်း ဆိုင်ကယ်တွေ တန်းစီကြတယ်။ အဲဒီလိုတန်းစီတဲ့အခါ ဆိုင်ကယ်တွေဟာ တိုက်ကြီးတာကြီးတွေ ဝင်းခြံကျယ်ကြီးတွေရှိတဲ့ ၃၇...

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားဟာ တင်ဆက်ပုံ ညံ့ဖျင်းမှု၊ လက်နက်တွေရဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍန်တွေကြောင့် အင်တာနက်မှာ လှောင်ပြောင်ခံနေရပါတယ်။