close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမှာ ဆီတန်းစီတဲ့ အမျိုးသားတစ်ဦးမူးလဲ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးနေစဉ်။ ဓာတ်ပုံ − အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း

စက်သုံးဆီဝယ်ယူဖို့တန်းစီရင် အပူရှပ်သူ၊သတိလစ်သူများလာ

မတ်-၂၉၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။

မတ်လ၂၉ ရက်နေ့လည်ပိုင်းမှာဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘုရင့်နောင် လမ်းမပေါ်က Denko ဆီဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ လိုအပ်သည့်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ပေးပြီး မိသားစုနှင့် ဆက်သွယ်ကာနီးစပ်ရာ ပင်လုံဆေးရုံသို့ ပို့ဆောင်ကူညီ မှု့ပြုခဲ့ပါသည်” လို့ အထက်ပါအသင်းက ထုတ်ပြန်ထားပါတယ်။

ရာသီဥတုပူပြင်းချိန်မှာ ဆီတန်းစီရတာကြောင့် ရန်ကုန်အပါအဝင် မြို့နယ်‌တော်တော်များများမှာ မူးလဲတာတွေ နဲ့ သေဆုံးမှုဖြစ်တာတွေအထိ ဖြစ်နေတာပါ။

စစ်ကောင်စီက စက်သုံးဆီအခက်အခဲကြောင့် ဆီကို သတ်မှတ်ချက်တွေ အမျိုးမျိုးထုတ်ပြန်ပြီး ရောင်းချနေတာကြောင့် ပြည်သူတွေကြားမှာ အဆင်မပြေမှုတွေကြုံနေကြရတာပါ။

စက်သုံးဆီရရှိဖို့အတွက် ယာဉ်ပိုင်ရှင်တွေက ဆီဆိုင်တွေမှာ ညဘက်ကတည်းက တန်းစီနေကြရပြီး နာ‌ရီပေါင်းများစွာ စောင့်ဆိုင်းနေကြရတာပါ။ဒါအပြင် ယခုနှစ်​​နွေရာသီဟာ အပူချိန်ပြင်းထန်လာတာ​ကြောင့် ဆီဝယ်ဖို့တန်းစီရင် မူးလဲမှု​တွေ​ဒေသအနှံမှာ မကြာခဏဖြစ်လာပါတယ် ။

“ အပူချိန်မြင့်တက်သည့် ကာလလည်းဖြစ် အိပ်
ရေးပျက်ခြင်းလည်းများကြသည့်အတွက် အိမ်မှ ဆီတန်းစီရန်စထွက်သည်နှင့် လိုအပ်သည့် ဆေး
ဝါးပစ္စည်းများ၊ဓာတ်ဆားထုပ်များ၊ရေဘူး၊ရှုဆေးဘူးများကို မိမိနှင့်အတူယူဆောင်သွားပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်ပါကမိသားစုနှင့် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်အား မြင်သာသည့်နေရာတွင် ရေးသားထားခြင်းများ ပြုလုပ်သင့်သလို နီးစပ်ရာ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များကို မှတ်သားထားသင့်ပါကြောင်းသတိပေးနှိုးဆော်အပ်ပါသည်” လို့ အေး
ချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက အကြံပြုထားပါတယ်။

အထက်ပါဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒီရက်မှာ စက်သုံးဆီတန်းစီသူတွေကို ပရဟိတအသင်းတွေ နဲ့ နီးစပ်ရာ ပြည်သူတွေက ရေအလှူ၊ အအေးအလှူ ပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပိုင်းက ဆီဆိုင်တစ်ဆိုင်မှာ နာရီနဲ့ချီပြီး ဆိုင်ကယ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီခဲ့တဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ညနေ ၄နာရီခွဲလောက်မှာ အိမ်ပြန်ရောက်ချိန် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၅ရက် မနက် ၁၀နာရီကျော်ကလည်း တနင်္သာရီတိုင်းထားဝယ်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီရင်း အသက်(၈၀)ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မူးလဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်မတ်လ၂၆ရက်ကလည်းရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းမပေါ် ဟာမစ်တစ်မှတ်တိုင်အနီးမှာ အဆိုတော် ပက်ထရစ်တင်ထွန်းဆိုသူဟာ ဆီတန်းစီရင်း သူမောင်းလာတဲ့ တက္ကစီယာဥ်ပေါ်မှာပဲ သတိလစ် ကွယ်လွန်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မနက်က ထုံးစံအတိုင်း မျက်စိနှစ်လုံးပွင့်လို့ Tiktok ဖွင့်ကြည့်ချိန် အံ့အားသင့်စရာ ဗွီဒီယိုတစ်ပုဒ်တွေ့ပါတယ်။ မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း BOC ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာပါတဲ့။ ဒီကာလထုံးစံအတိုင်း စက်သုံးဆီတွေ တန်းစီရပါတယ်။ BOC ဆီဆိုင်မှာလည်း ဆိုင်ကယ်တွေ တန်းစီကြတယ်။ အဲဒီလိုတန်းစီတဲ့အခါ ဆိုင်ကယ်တွေဟာ တိုက်ကြီးတာကြီးတွေ ဝင်းခြံကျယ်ကြီးတွေရှိတဲ့ ၃၇...

သတင်း

စက်သုံးဆီဈေး စံချိန်တင်မြင့်တက်နေပေမယ့် စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီသူ‌တွေနဲ့ ကြိတ်ကြိတ်တိုးတန်းစီနေဆဲဖြစ်ပါတယ်။

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တိုက်နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေဟာ စက်သုံးဆီဝယ်ယူရာမှာ စစ်တပ်က တစ်လီတာ ကျပ်တစ်ထောင်နှုန်းကောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။