close
Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင် ရေတွင်းကုန်း ဒေသခံတချို့ကို စစ်တပ် ဆက်လက်ဖမ်းဆီးထား

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ၊ ရေတွင်းကုန်းကျေးရွာက ဒေသခံတချို့ကို စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

မတ်-၂၈၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ၊ ရေတွင်းကုန်းကျေးရွာက ဒေသခံတချို့ကို စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

“ စစ်ကြောင်းထိုးလာပြီး ကျေးရွာထဲကိုတော့ ရွာသူရွာသားတွေအကုန်လုံးဖမ်းဆီးထားတယ်။တချို့တစ်ဝက်ပြန်လွတ်သွားတယ်။ ပြီးတော့မှ အခုဆိုရင်တော့ ၁၅ ယောက်အထဲမှာ ဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေလည်း ကျန်နေခဲ့တယ်လို့ သိရတယ်” ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နဲ့ ကျောင်းကုန်းရွာ​တွေကို စစ်တပ်ရဲ့တပ်မ ၇၇ ဦး​ဆောင်တဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်း​တွေက စစ်
ကြောင်း​လေး​ကြောင်းခွဲရောက်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပြည်သူ ၃၀၀ ​ကျော်ကိုဖမ်းဆီးပြီး​တော့ ၃၀ခန်ကို ​ကျော်ကိုသတ်ဖြတ်သွားတယ်လို့ အမျိုးသားညညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ​​ကြောင့်ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နဲ့ သက်ကြီးရွယ်အို​တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ဦးဝန်ကျင် သေဆုံးခဲ့တယ်လို့ ​ရုပ်သံမှတ်တမ်းနဲ့တကွဖော်ပြထားပါတယ်။

ပြည်သူ​တွေကိုဓါးစာခံအဖြစ်ဖမ်းဆီးထားတဲ့ စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ပြီး ပြည်သူ ၃၀၀ ​ကျော်ကိုကယ်တင်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာ စစ်တပ်က​သေဆုံးထိခိုက်သူများခဲ့လို ​PDF နဲ့ KNLA တပ်ဖွဲ့ဝင်ဆယ်ဦး​ကျော်ကျဆုံးခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ ရေတွင်းကုန်းရွာအတွင်းမှာ တပ်စွဲအထိုင်ချထားဆဲဖြစ်တယ်လို့ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ လက်ရှိ စစ်ကောင်စီဘက်က တချို့ ကင်းပုန်းထိုးတာတွေ အထိုင်ရှိသေးတယ်။ ဆက်ပြီးရှေ့ဆက်ထပ်တိုးရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့်ရေတွင်းကုန်း ၊ကျောင်းကုန်း၊ အင်းပရိ ၊ဒလဆိပ် ၊ဝက်ချဲ ၊အင်ကုန်း စတဲ့ရွာ​တွေက ဒေသခံ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာဖြစ်ပါတယ်။

ညောင်လေးပင်ဒေသဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေလည်းဖြစ်ပါတယ်။KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်မှာ ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းစတဲ့ မြို့နယ် သုံးခုပါဝင်ပါတယ်။

(ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ပြည်သူတွေဖမ်းဆီးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ။ ဓာတ်ပုံ – KNU)

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျဝတီသကြားစက်အနီးရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လက်နက်အချို့ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်ထက် စောပြီးလုပ် နေသလို ကြိုတင်မဲ တွေ ဖိအား ပေးပြီး ပေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။