close
Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့ကို စစ်ကောင်စီဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အပါအဝင် ဒေသခံ၅ဦး သေဆုံး

စစ်တပ်က လွှတ်‌တော်ခေါ်နေချိန် စစ်ကိုင်းတိုင်းမှာ ၁၁ရက်အတွင်း အရပ်သား ၁၀၀ ကျော်ကို ဗုံးကြဲသတ်ဖြတ်

အာဏာသိမ်းစစ်တပ် ဂျက်ဖိုက်တာ နှစ်စီးကို တွေ့ရစဥ် (ပုံဟောင်း)။ ဓာတ်ပုံ - CINCDS

မတ်-၂၅၊ ၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဒီ‌နေ့ မတ်လ ၂၅ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံ ၅ဦး သေဆုံးခဲ့ပါတယ်။

ကောလင်းမြို့ အရှေ့ပိုင်း၊ ဖလဲရွာက မိသားစုဝင်ငါးဦးရှိတဲ့ အိမ်ပေါ်တည့်တည့်ကို ညနေ ၃နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အဲ့ဒီအမျိုးသမီးရဲ့ ယောက္ခမအပါအဝင် သက်ကြီးအမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး သေဆုံးခဲ့တာပါ။ တိုက်ပွဲလုံးဝမဖြစ်သလို ဖလဲရွာဟာ စစ်ရေးပစ်မှတ်မဟုတ်ဘူးလို့ ‌မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်တပ်လွှတ်တော်ခေါ်နေစဉ်မှာပဲ မြန်မာနိုင်ငံဒေသအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာပါတယ်။ မတ်လထဲမှာ စစ်ကိုင်းတိုင်းထဲက ကသာ၊ ကျွန်းလှ၊ ကနီ၊ မြောင်၊ အရာတော်နဲ့ မြင်းမူမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

မတ်လ ၁၅ ရက် ညနေက ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ဒေသခံ ၁၃ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိခဲ့ပါတယ်။

မတ်လ ၂၀ရက်က ကသာမြို့ကို ဗုံးကြဲလို့ လူ ၈၀ထက်မနည်းသေဆုံးခဲ့သလို စစ်ကောင်စီက ရုပ်အလောင်းတွေကို ဖျောက်ဖျက်ခဲ့ပါတယ်။

မတ်လ ၂၁ရက် နေ့လယ်ပိုင်းမှာ ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတချို့ထိခိုက်သေဆုံးခဲ့ပါတယ်။ မတ်လ ၂၂ရက်က အရာတော်နဲ့ မြင်းမူမြို့နယ်အစပ်ဒေသတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ရော Gyrocopter နဲ့ပါ ဗုံးကြဲလို့ ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၂၃ရက် နေ့လယ်ပိုင်းမှာ မြောင်မြို့နယ် သောင်ကြီးရွာကို စစ်ကောင်စီကဗုံးကြဲလို့ ဒေသခံ ၆ဦး သေဆုံးပြီး ၂၀ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကသာမြို့မှာခြေမြန်တပ်ရင်း ခမရ(၃၀၉)ကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ်၁စီးကို​တော်လှန်​ရေးပူးပေါင်းတပ်တွေကပစ်ခတ်လို့ ထိမှန်ပြီး အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သုံးရက်ဆက် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မင်းတည်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အမျိုးသမီး ၃ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။