close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကိုယ်ပိုင်ယာဥ်အသုံးပြုမှုကိုကန့်သတ် ၊ စက်သုံးဆီ ​ချွေတာဖို့ထုတ်ပြန်

စစ်​ကောင်စီမှာ အရန်ဆီသို​လှောင်ထားတာသိပ်မရှိနိုင်ဘူးလို့လုပ်ငန်းရှင် ​ပြော

ကရင်​ပြည်နယ်၊ မြဝတီမြို့မှာ ဒီကနေ့မနက်ပိုင်းစက်သုံးဆီရဖို့ တန်းစီနေကြစဉ်။ ဓာတ်ပုံ - CJ

မတ်လ-၃၊၂၀၂၆၊မိုမို/People’s Spring

စက်သုံးဆီပြတ်လပ်မှုပြီးနောက် စစ်ကောင်စီက ကိုယ်ပိုင်ယာဥ်တွေ အသုံးပြုမှု ကန့်သတ်လိုက်ပြီး စက်သုံးဆီချွေတာကြဖို့လည်း ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေအရ အရှေ့အလယ်ပိုင် စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းရတဲ့ အတားအဆီးအဟန့်အတားပိတ်ဆို့မှုတွေကြောင့်လို့ဆိုကာ စက်သုံးဆီချွေတာဖို့အတွက်လို့ ဆိုပါတယ်။

ဒါကြောင့် အခု မတ်လ ၇ ရက်ကစပြီး လစဥ်စုံရက်တွေမှာ စုံနံပါတ်အက္ခရာယာဥ်တွေဖြစ်တဲ့ (ဥပမာ 2A…/ 4A …စသဖြင့်)၊မရက်တွေမှာ မအက္ခရာ (ဥပမာ 1A …. / 3A…. )စတဲ့ ပုဂ္ဂလိကပိုင်ယာဥ်တွေက မောင်းနှင်ခွင့်ရှိမယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ကိုယ်ပိုင်ယာဉ်တွေဟာ တစ်ရက်ခြားတစ်ခါသာ အသုံးပြုမောင်းနှင်ရမှာဖြစ်ပါတယ်။

EV မော်တော်ယာဥ်နဲ့ EV မော်တော်ဆိုင်ကယ်တွေ ကတော့ နေ့စဥ်မောင်းနှင်းနိုင်တယ်လို့ စစ် ကောင်စီရဲ့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

အများပြည်သူသယ်ယူ ပို့ဆောင်ရေးယာဥ်၊တက္ကစီ၊စက်သုံးဆီသယ်ယာဥ်၊ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဥ်၊ကုန်စည်ပို့ဆောင်ရေးယာဥ်၊လူနာတင်ယာဥ်၊နိဗ္ဗာန်ယာဥ်စည်ပင်အမှိုက်သိမ်းယာဥ်တွေလည်း နေ့စဥ် အသုံးပြုနိုင်တယ်လို့ အသိပေးပါတယ်။

စက်သုံးဆီဝယ်ယူစုဆောင်းတာ စျေးမြှင့်တင် ရောင်းတာတွေ ရှိခဲ့ရင်လည်း အရေးယူမယ်လို့စစ်ကောင်စီက ဆိုပါတယ်။

“ မြန်မာနိုင်ငံက ရေနံစိမ်းတွေကို အီရန်က ဝယ်တယ်။အဲဒီရေနံစိမ်းကို စင်ကာပူကနေတဆင့် ချက်ပြီး စက်သုံးဆီအဖြစ် ပြန်သွင်းတာပေါ့။ဒါကြောင့် စစ်ပွဲရက်ရှည်ရင် စက်သုံးဆီ ကမောက်ကမက ဖြစ်လာမှာ။နောက်ပြီး အရန်ဆီသိုလှောင်မှုကလည်း သိပ်မရှိဘူးထင်တယ်။အရင်အစိုးရ တွေတုန်းကတော့ အရန်ဆီက ဂါလံ သန်း ၅၀ ထက်မနည်းရှိခဲ့တယ်လို့ ကြားဖူးတယ်” လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်က တစ်နှစ်ကို ဒေါ်လာသုံးဘီလီယံ ဖိုးနီးပါးတင်သွင်းတဲ့ စက်သုံးဆီ စျေးကွက်ကို ပြည်တွင်းစစ်အသုံးစရိတ် ကြောင့် ဒေါ်လာလိုအပ်မှုအတွက် အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ခဲ့ပြီး စက်သုံးဆီတင်သွင်း မှုကို အခုချိန်ထိ ကန့်သတ်ထားပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ အရန်စက်သုံးဆီသိုလှောင်ထားမှု ပမာဏကို တိတိကျကျ ရှင်းလင်းခဲ့တာ မရှိခဲ့သလို စက်သုံးဆီးတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကိုပါ ပြီးခဲ့တဲ့လပိုင်းက ဖမ်းဆီးခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းကပဲ စက်သုံးဆီဆိုင်တချို့ အရောင်းပိတ်တာနဲ့ ရောင်းချမှုမရှိ တာတွေကြောင့် အလုပ်နားထားရတယ်လို့ အငှားယာဥ်မောင်းသူတချို့က ပြောပါတယ်။

စက်သုံးဆီလိုသလောက်မရတော့တဲ့အခြေအနေတွေက မှောင်ခိုစျေးကွက်နဲ့ ခရီးစရိတ်မြင့်တက်လာမယ့်အခြေအနေတွေက အနီးစပ်ဆုံးလူထုအပေါ် သက်ရောက်မှုလို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့ရေနံစိမ်းစျေးကွက်အရ ရေနံတစ်စည်ကို ၆ ရာခိုင်နှုန်းကျော်( ငါးဒေါ်လာ နီးပါး) စျေးတက်နေပြီး ဒေါ်လာ တစ်ရာဝန်းကျင်ထိရောက်နိုင်တယ်လို့ ရေနံစျေးကွက် လေ့လာဆန်းစစ်သူ Amarpreet Singhက မနေ့က ပြောထားပါတယ်။

ပြည်တွင်း စက်သုံးဆီစျေးတွေအရလည်း ပြီးခဲ့တဲ့အပတ်ကထက် စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၈၀ဝန်းကျင်စျေးတက်ထားပါတယ်။

လွန်ခဲ့တဲ့ ၅နှစ် စစ်တပ် အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်မှာ ပြည်တွင်းစက်သုံးဆီစျေးက ဓါတ်ဆီ 95 တစ်လီတာ ကျပ် ၅၁၀ ၊ 92 တစ်လီတာ ၄၀၄ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၄၅၀နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ကျပ် ပဲရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ စက်သုံးဆီဆိုင်တွေမှာ ယာဥ်တွေ အရင်ကလို ယာဥ်တန်းအရှည်ကြီးနဲ့ ပြန်တန်းစီနေရတာတွေ့တော့ ရင်မောသွားမိတဲ့ကျွန်တော်ဟာအာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုခုကို (အမှတ်မရှိစွာဘဲ)မျှော်နေမိပါတယ်။(ဖြီးချင်ဖြီး) နည်းနည်းလေးလောက်တော့ စိတ်သက်သာရာရစေမယ့် စာလေးတစ်ကြောင်းလောက်များ ပါလိုပါငြား မျှော်မိတာပါ။

သတင်း

ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို

သတင်း

ရန်ကုန်မြို့မှာ ဆီပြတ်လို့ အငှားယာဉ်မောင်းအချို့ ရပ်နား၊ နယ်မြို့တွေမှာ ဆီတန်းစီဝယ်ယူနေရ

သတင်း

မန္တလေးမြို့ကနေ လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ စစ်ကိုင်း၊ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေဆီ စက်သုံးဆီ ပို့ဆောင်တယ်ဆိုပြီး လူ ၂၀၀နီးပါးကို စစ်ကောင်စီ က အခုရက်ပိုင်းအတွင်း ထောင်ဒဏ်တွေချလိုက်တယ်လို့ သိရပါတယ်။

Facebook