close
Connect with us

Hi, what are you looking for?

သတင်း

ရေဦးက အကျဉ်းစခန်းကို စစ်တပ်ဗုံးကြဲလို့ CDM ဝန်ထမ်းနဲ့ အကျဥ်းသားစုစု​ပေါင်း ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ အကျဉ်းစခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်ကဒီဇင်ဘာလ၁၈ရက်ညနေပိုင်းမှာလေကြောင်း က‌နေ ဗုံးကြဲလို့ အကျဉ်းသား ၂ဦးနဲ့ CDM ဝန်ထမ်းအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ရေဦးမြို့၊တမာတောကျေးရွာကတိုက်နယ်ဆေးရုံကို လေကြောင်းဗုံးကြဲပြီးနောက်တွေ့ရစဉ်။ဓါတ်ပုံ-​ရေဦးPDF

ဒီဇင်ဘာ-၂၀၊၂၀၂၅။‌အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ အကျဉ်းစခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်ကဒီဇင်ဘာလ၁၈ရက်ညနေပိုင်းမှာလေကြောင်း က‌နေ ဗုံးကြဲလို့ အကျဉ်းသား ၂ဦးနဲ့ CDM ဝန်ထမ်းအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

အကျဉ်းစခန်းမှာထိန်းသိမ်းထားတဲ့အကျဉ်းသား၂ ဦး၊ CDM ဝန်ထမ်းအမျိုးသမီး ၁ဦးနဲ့ နောက်ထပ်အမျိုးသား ၁ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလာရောက် ဗုံးကြဲတာဖြစ်ပြီး ရေဦးမြို့နယ်ထဲကို လေကြောင်းကနေနှစ်ရက်ဆက်တိုက်ခိုက်တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၁၇ ရက်နေ့ညကလည်း ရေဦးမြို့နယ်ကတမာ တောကျေးရွာဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့ပါတယ်။ လူနာတွေကိုဘေးလွတ်ရာပို့ထားလို့ ထိခိုက်မှုကြီးမားမားမရှိခဲ့ပေမယ့် အဆောက်အအုံတွေပျက်စီးပြီး ဒေသခံတစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ရေဦးမြို့နယ်နဲ့ဆက်စပ်နေတဲ့ခင်ဦးမြို့နယ်ကိုလည်း စစ်တပ်က ဒီဇင်ဘာလ၁၇ရက်နဲ့၁၈ရက်နေ့မှာ ၂ရက်ဆက်ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒါအပြင်ဒီဇင်ဘာလ ၁၉ ရက်နေ့မှာလည်း ကောလင်း၊တန့်ဆည်နဲ့ ခင်ဦးမြို့နယ်တွေကို စစ်တပ်ကလေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာ​ကြောင့်ပြည်သူ​တွေ​သေဆုံးထိခိုက်မှု​တွေရှိခဲ့ပါတယ်။

စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ အချုပ်ခန်းတွေ၊ အကျဉ်းစခန်းတွေကို လေကြောင်းက နေဗုံးကြဲလေ့ရှိပြီး ၂၀၂၄ခုနစ်ထဲမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မောင်တောမြို့၊ မန္တလေးတိုင်းစဥ်ကူးမြို့က အကျဉ်းစခန်းတွေကို ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေများပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရဲ့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သားတစ်ဦး သေနတ် ၂လက်ယူလာပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ ကို စစ်​ကောင်စီက ဒီက​နေ့ မနက်မှာ ဗုံးကြဲတာ​ကြောင့်အသက်၂၀ ကျော်အရွယ်အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ မြိုနယ်၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ပြောပါတယ်။

သတင်း

မင်းတပ်မြို့ပေါ် နှစ်နေရာကို စစ်ကောင်စီက စက်တင်ဘာလ ၂၁ရက်ညနက်ပိုင်းမှာ လေကြောင်းက‌နေ ဗုံးကြဲသွားပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၁၂ရက်)နံနက် အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်း လေးဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၂ဦးအထိရှိပြီဖြစ်ကာ ဒဏ်ရာရသူ၂၁ဦးအနက် ၆ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု သတင်းရရှိသည်။