close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်​​ကြောင်း ဖားကန့်မြို့နယ်ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖားကန့်မြို့နယ်မှော်လှည့် သပိတ် စစ်ကြောင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကို ဒီနေ့ မနက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ သတိုး/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖားကန့်မြို့နယ်မှော်လှည့် သပိတ် စစ်ကြောင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကို ဒီနေ့ မနက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြ ပြည်သူ​တွေက “ ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်”၊“Reject the fraudulent election with the will of the people” ၊ “ Say No ,Just Trap Myanmar Sham Election Crap”၊ “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်”၊ “ ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပါ” ဆိုတဲ့စာသားနဲ့အတူ သပိတ်စစ်ကြောင်းကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တာပါ။

ဒါ့အပြင်သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ‌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဖားကန့်မြို့နယ်မှော်လှည့်သပိတ်

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှမ်းပြည်သူလူထုတွေ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ သျှမ်း(ရှမ်း)လူငယ်အရပ်ဘက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

သတင်း

ပြည်သူတွေအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ရွှေကူ KPDFက တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၆) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။ “ စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ...