close
Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ စစ်ရှောင်တွေအပါအဝင် ၁၁ဦး သေဆုံး

မိုးမိတ်မြို့နယ်၊ မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၁၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ-၆၊ ၂၀၂၅။ အိမ်သွင်/People’s Spring

မိုးမိတ်မြို့နယ်၊ မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၁၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမိတ်မြို့ မြစ်ဆုံရွာ ဆီဆိုင်အနီးကို ဒီနေ့ မနက် ၉နာရီခန့်မှာ စစ်ကောင်စီက ဗုံးကြဲတာပါ။

“ တချို့ဆိုညနေမှ အလောင်းတွေ့တာ။ လေယာဥ်က နှစ်ခေါက်လာတာ။ ပထမတခေါက်မှာ ထိတဲ့လူတွေကို ကူနေတုန်း လာပစ်တော့ ထပ်ထိကုန်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးတဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဗုံးက လေထဲမှာ အရင်ကွဲပြီး အောက်မှာလည်း အများကြီးကွဲတာ။ ဒါကြောင့် သေဆုံးတာများကုန်တာ” လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။

ဒီနေ့ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာက တိုက်ပွဲဖြစ်တဲ့နေရောမဟုတ်ဘူးလို့ သိရပါတယ်။

ဒီနေ့ညပိုင်းမှာလည်း စစ်ကောင်စီက လေကြောင်းကနေ ကင်းထောက်နေလို့ ဒေသခံတွေ ကြောက်လန့်နေကြပါတယ်။

မိုးမိတ်မြို့ဟာ တအာင်းတပ် TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူထားတဲ့မြို့ဖြစ်ပါတယ်။ သိမ်းယူထားတဲ့ မြို့တွေအနက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံပြန်အပ်ဖို့ တရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေး သဘောတူခဲ့တာပါ။

ဆက်စပ်သတင်းများ