close
Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းက စစ်တပ်ဂိတ်စခန်း PDFတွေ ဝင်တိုက်၊ စစ်သား ၅ဦးသေပြီး လက်နက်အချို့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းကျေးရွာလမ်းဆုံရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို နိုဝင်ဘာ ၃၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိခဲ့ပြီး လက်နက်အချို့သိမ်းရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၁၊၂၀၂၅။ဆန်အောင်/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းကျေးရွာလမ်းဆုံရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို နိုဝင်ဘာ ၃၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိခဲ့ပြီး လက်နက်အချို့သိမ်းရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ(ပကဖ)၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ဦး သေဆုံးခဲ့ဟု ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ငယ် ၂လက်နဲ့ ခဲယမ်းတွေသိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဂိတ်စခန်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနအနေနဲ့ စစ်ကောင်စီ တပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို တိုင်းစစ်ဌာနနယ်မြေမှာ ဆက်တိုက်ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၇ရက်က နတ်တလင်းမြို့နယ်က ဒမငယ်နယ်မြေရဲစခန်းကို စီးနင်းတိုက်ခိုက်မီးရှို့ခဲ့သလို နိုဝင်ဘာ နောက်ဆုံးပတ်မှာပဲ ပေါင်းတည်၊ ကြို့ပင်ကောက်၊နတ်တလင်းစတဲ့ မြို့နယ်တွေက စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ လက်နက်ခဲယမ်းတွေ ရတာလည်းရှိခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေရဲ့ တိုက်ပွဲသတင်းတွေမှာတွေ့ရပါတယ်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနအတွင်းရှိ တပ်ရင်းတပ်ဖွဲ့အနေနဲ့ တိုင်းစစ်ဌာနရဲ့ အမိန့်ပေးကွပ်ကဲမှု အောက်မှာ အလျဉ်းသင့်သလို စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ်ပြီး ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း တဆင့်ချင်းစီ လုပ်ဆောင်နေကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောထားပါတယ်။

ဆက်စပ်သတင်းများ