close
Connect with us

Hi, what are you looking for?

သတင်း

နမခအနီး စက်တပ်လေထီးပျက်ကျမှုစုံးစမ်းနေတယ်လို့ မုံရွာပကဖ ပြော

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီရဲ့စက်တပ်လေထီး ၂စီးကို စစ်ကိုင်းတိုင်းတနေရာမှာ တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

နိုဝင်ဘာ-၁၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၁၁ရက်) ညနေ ၆နာရီဝန်းကျင် မှာ နမခကို ပြန်ဆင်းလာတဲ့ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။

“ မနေ့ညနေပိုင်း ၆ နာရီလောက်ကဗျ။ အဆင်းမှာ ပျက်ကျတယ်လို့ သိရတယ်။အဲနား(နမခ) ပတ်ဝန်းကျင်လို့ ပြောရမယ်။ အတည်ပြုချက်ရအောင်တော့ စုံစမ်းနေတယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းသတင်းစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ WaiHinရဲ့အချက်အလက်တွေအရ မနေ့က ညနေ ၅ နာရီ ၄၅မိနစ်ဝန်းကျင်မှာ နမခကနေ ပါရာမော်တာ နှစ်စီးတက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ပါရာမော်တာ ပျက်ကျမှုနဲ့ပတ်သက်လို့ တော့ သီးခြားဖော်ပြတာမတွေ့ရပါဘူး။

“ နှစ်စီးမှာ တစ်စီးက ဘုတလင်၊ကနီကိုကြဲပြီး ပြန်ဆင်းတယ်။နောက်တစ်စီး​က အရာတော်၊ မြင်းမူဘက်ကို သွားတယ်။ဒါပေမယ့် ဗုံးကြဲတာမရှိခဲ့ဘူး။အဲဒီတစ်စီးက ပျက်ကျတာ” လို့ စစ်ကိုင်း​တိုင်းစစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နမခမှာ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာ ၁၀စီးဝန်းကျင်ရှိနိုင်တယ်လို့လည်း ၎င်းက သုံးသပ်ပါတယ်။

အခု နိုဝင်ဘာ ၆ ရက်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဗုံးလာကြဲတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးအပြန်မှာပျက်ကျပြီး စစ်သားနှစ်ဦးသေတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ် နေအပြင် မကွေး၊စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က ​ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်​လေယာဥ်သုံးစီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲခဲ့တာ​ကြောင့် ကနဦးသတင်း​တွေအရ ပြည်သူ ၁၃ ဦး​ကထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။