close
Connect with us

Hi, what are you looking for?

သတင်း

အခါလွန်မိုးကြောင့် ရှမ်းမြောက်မြို့နယ်အချို့ ​ရေလျှံ၊​မြေပြိုပြီး စိုက်ပျိုးသီးနှံ​တွေပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ္မတူအပါအဝင်မြို့လေးမြို့ မှာရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး မြေပြိုမှု နဲ့ စိုက်ပျိုးသီးနှံတွေပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်။

နိုဝင်ဘာ-၅၊၂၀၂၅။မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမှာမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ္မတူအပါအဝင်မြို့လေးမြို့ မှာရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး မြေပြိုမှု နဲ့ စိုက်ပျိုးသီးနှံတွေပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်။

အောက်တိုဘာလကုန် နဲ့ နိုဝင်ဘာလဆန်းမှာ မြန်မာနိုင်ငံဒေသများစုမိုး ကောင်းခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါ။

နမ္မတူမြို့၊ မန်တုံမြို့၊ နမ့်ဖက်ကာမြို့နဲ့ မိုင်းဝီးမြို့နယ်တို့မှာ ရေကြီးရေလျှံဖြစ်ပွားပြီး မြေပြိုမှုနဲ့ စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကနိုဝင်ဘာလ၅ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နမ္မတူနဲ့မိုင်းဘော်ကို ဆက်သွယ်ထားတဲ့နမ့်ရီးတံတားလည်း ရေနစ်မြှုပ်သွားခဲ့ပြီး နမ္မတူနဲ့ မန်တုံမြို့ကို သွားတဲ့လမ်းမကြီးလည်းမြေပြိုမှုကြောင့် လမ်းမကြီးပျက်စီးမှုရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

အလားတူနမ့်ဖက်ကာမြို့နယ်က ဟိုမောရေချောင်းလည်း ရေကြီးရေလျှံပြီးဒေသခံတွေ ရိတ်သိမ်းထားတဲ့စပါးခင်းတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဝီးမြို့မှာလည်းချောင်းအနီးကအိမ်တချို့ရေဝင်လို့ယာယီပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါတယ်။

မိိုးဆက်ကောင်းနိုင်တာကြောင့်ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့နဲ့ သတိပြုကြဖို့ TNLAက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ကစပြီး မြန်မာနိုင်ငံ ဒေသအများစုမှာရွာခဲ့တဲ့အခါလွန်မိုးကြောင့် စပါး‌ခင်းတွေနဲ့ သီးနှံပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ရန်ကုန်တိုင်းနဲ့ ပဲခူး၊ဧရာဝတီ၊ တနင်္သာရီတိုင်း၊ မွန်၊ကရင်၊ရခိုင်ပြည်နယ်တွေမှာလည်း မိုးကောင်းခဲ့တာပါ။ မိုးနဲ့အတူ လေပြင်းလည်းကျခဲ့လို့ ရိတ်သိမ်းဆဲ မိုးစပါး‌တွေ၊မြေနုကျွန်းတွေမှာ စိုက်ပျိုးထားတဲ့ ပျိုးပင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းကလေဖိအားနည်းရပ်ဝန်းနဲ့ လေပွေလှိုင်းတွေကြောင့်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ လေပြင်းတိုက်ခတ်ပြီး နေရာကွက်မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်တဲ့မြို့ရွာတွေကို ထိုးစစ်ဆင်နေတာ၊ လေကြောင်း စစ်ဆင်ရေးလုပ်ဆောင်နေတာတွေကို ရှမ်းမြောက်အခြေစိုက် ကျန်တိုင်းရင်းသားအဖွဲ့တွေက မျက်ကွယ်ပြုထားပါက နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ရင်ဆိုင်လာရမယ်လို့ ရှမ်းမြောက်အရေးလေ့လာသူတွေက ပြောပါတယ်။

နိုင်ငံတကာ

မိုးသည်းထန်ပြီး မြေပြိုမှုတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်ပြည်နယ်ထဲမှာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၁၅ ခုမှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။