close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆာဘွဲ့ ချီးမြှင့်ခံရတဲ့ ​ဒေးဗစ်ဘက်ဟမ်း

ဆာဘွဲ့ ချီးမြှင့် အပ်နှင်း ခံခဲ့ရတဲ့အတွက် ပြောမပြတတ်အောင် ဂုဏ်ယူမိကြောင်း ဒေးဗစ်ဘက်ဟမ်းက ပြောပါတယ်။

ဓါတ်ပုံ-PA Media

နိုဝင်ဘာ-၅၊၂၀၂၅။ People’s Spring

ဆာဘွဲ့ ချီးမြှင့် အပ်နှင်း ခံခဲ့ရတဲ့အတွက် ပြောမပြတတ်အောင် ဂုဏ်ယူမိကြောင်း ဒေးဗစ်ဘက်ဟမ်းက ပြောပါတယ်။

ဗြိတိန်ရဲ့ ဘောလုံးအားကစားနဲ့ လူ့အဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံ အားထုတ်ပေးခဲ့မှုတွေအတွက် ချားလ်စ်ဘုရင်က အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင်ဟောင်းကို အခု ဆာဘွဲ့ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဘက်ဟမ်းက ဆာဘွဲ့ရမယ့်သူတွေ စာရင်းမှာ နှစ်ဆန်းပိုင်း ကတည်းက ပါဝင်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့တုန်းက ဘက်ခ်ရှိုင်းယားမှာ အခမ်းအနားနဲ့ သူကောင်းပြု ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီထက် ဂုဏ်ယူစရာ မရှိတော့ဘူးလို့ အသက် ၅၀ အရွယ် ဘက်ဟမ်းက ဆိုပါတယ်။ သူဟာ နိုင်ငံကို ဘယ်လောက် ချစ်သလဲဆိုတာ လူတိုင်းသိကြောင်း၊ ပြီးတော့ တော်ဝင်မိသားစုက သူနဲ့ သူ့မိသားစုအပေါ် ဘယ်လောက် လွှမ်းမိုးနိုင်သလဲ ဆိုတာကိုလည်း မကြာခဏ ပြောပြဖူးကြောင်း၊ သူ့ဘဝတလျှောက် ကမ္ဘာအနှံ့ လှည့်လည်သွားလာရင်း နိုင်ငံရဲ့ တော်ဝင်မိသားစုအကြောင်း လူတွေ အများကြီးဆီပြောပြခွင့်ရခဲ့တာကလည်း ကံကောင်းမှု တစ်ခုအဖြစ် ခံယူကြောင်း ဘက်ဟမ်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဝင်ဆာရဲတိုက်ကြီးမှာ ပြုလုပ်ခဲ့တဲ့ သူကောင်းပြုပွဲ အခမ်းအနားကို ဘက်ဟမ်းနဲ့အတူ ဇနီးဖြစ်သူ ဗစ်တိုးရီးယားဘက်ဟမ်း၊ ဘက်ဟမ်းရဲ့ မိဘနှစ်ပါးတို့ တက်ရောက်ခဲ့ပါတယ်။ ဖက်ရှင်နဲ့ ဒီဇိုင်းနယ်ပယ်က ထူးချွန်သူ တစ်ဦးအဖြစ် ၂၀၁၇ မှာ OBEဘွဲ့ ချီးမြှင့်ခံရဖူးတဲ့ ဗစ်တိုးရီးယားက ဆာဘွဲ့ယူမယ့် ခင်ပွန်းသည်ရဲ့ ပွဲတက်ဝတ်စုံကို ကိုယ်တိုင် ချုပ်ပေးခဲ့ပါတယ်။ ချားလ်စ်ဘုရင်က အဲဒီ ဝတ်စုံကို အတော်လေး သဘောကျနေခဲ့တယ်လို့လည်း ဘက်ဟမ်းက ဆိုပါတယ်။

ဘက်ဟမ်းဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ၁၁၅ ပွဲ ကစားခဲ့ပြီး အသင်းခေါင်းဆောင် တာဝန်ကို ၆ နှစ်ကြာ ထမ်းဆောင်ပေးခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို ကမ္ဘာကျော် ဘောလုံးကလပ်တွေမှာ ပါဝင်ကစားခဲ့တဲ့ ဘက်ဟမ်းဟာ အင်္ဂလန်အတွက် ကမ္ဘာ့ဖလား ၃ ကြိမ်နဲ့ ဥရောပဖလား ၂ ကြိမ်မှာ ပါဝင် ယှဉ်ပြိုင်ပေးခဲ့ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ် နွေရာ

သီ အိုလံပစ်ကို ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့တော်ကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေမှာ အဓိက အကျဆုံး ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီအချက်တွေကြောင့်လည်း သူ့ကို ဆာဘွဲ့ချီးမြှင့်ဖို့ ဗြိတိန် တော်ဝင်မိသားစုက ဆုံးဖြတ်ခဲ့တာပါ။

ဘက်ဟမ်းဟာ ၂၀၀၃ ခုနှစ် ကတည်းက အဲလိဇဘက်သ် ဘုရင်မကြီးရဲ့ OBEဘွဲ့ ချီးမြှင့်မှုကို ခံခဲ့ရပါတယ်။ အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်တဲ့အခါ ရုပ်အလောင်းကို နောက်ဆုံးနှုတ်ဆက် ဂါရဝပြုဖို့ ဘက်ဟမ်းဟာ တခြားပြည်သူတွေနဲ့အတူ ၁၂ နာရီကျော်ကြာအောင် တန်းစီစောင့်ခဲ့ပါတယ်။

၂၀၂၄ မှာတော့ သူဟာ ဘုရင့်ဖောင်ဒေးရှင်းရဲ့ သံအမတ်တစ်ဦး ဖြစ်လာပြီး ချားလ်စ်ဘုရင်ရဲ့ ပညာရေး အားပေးမှု အစီအမံတွေမှာ ပါဝင်ကူညီခဲ့ပါတယ်။ လောလောဆယ်တော့ ဘက်ဟမ်းဟာ အမေရိကန် နိုင်ငံမှာ အဓိက အခြေချ နေထိုင်ပြီး အမေရိကန် မေဂျာလိဂ် ဘောလုံးကပ် အင်တာမီယာမီရဲ့ ပူးတွဲပိုင်ရှင်အဖြစ် လုပ်ကိုင်နေပါတယ်။

ကိုးကား-BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ဗြိတိန်ဘုရင်ဆီက ဆာဘွဲ့ အပ်နှင်းချီးမြှင့်ခြင်း ခံရတော့မှာ ဖြစ်ပါတယ်။

Facebook