close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တော်လှန်ပံ့သကူ လှုပ်ရှားမှုပြုလုပ်

မန္တလေးမြို့မှာ သပိတ်အင်အားစုမှ တော်လှန်ရဲဘော်တွေက ဦးဆောင်ပြီး တန်ဆောင်တိုင်ပံ့သကူ လှုပ်ရှားမှု ဒီကနေ့ (နိုဝင်ဘာ ၅) ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၅၊၂၀၂၅။ သုည/People’s Spring

မန္တလေးမြို့မှာ သပိတ်အင်အားစုမှ တော်လှန်ရဲဘော်တွေက ဦးဆောင်ပြီး တန်ဆောင်တိုင်ပံ့သကူ လှုပ်ရှားမှု ဒီကနေ့ (နိုဝင်ဘာ ၅) ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ရေးရဲဘော်တွေက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ၊ “ No Votes Under Guns – Reject the Juntas Sham” ၊ “ Say No, Just Trap Myanmars Sham Election Crap” စတဲ့ စာသားပါ ပံ့သကူစာအိတ်တွေကို လူနေရပ်ကွက်တွေကြား၊ လမ်းမတွေ၊ ဘုရားစေတီတွေနဲ့ ရဲစခန်းရှေ့ပါမကျန် မြို့အနှံ့မှာ တော်လှန်ရေးသတင်းစကားပါတဲ့ ပံ့သကူတွေကို ကြဲချခဲ့ကြပါတယ်။

မန္တလေးသူ၊ မန္တလေးသားများရဲ့ ယဉ်ကျေးမှု အလှူအတန်းဖြစ်တဲ့ ပံ့သကူပစ်တဲ့ ဓလေ့ကို တော်လှန်ရေးအသိနဲ့ ပေါင်းစပ်ပြီး တော်လှန်ရေးသတင်းစကားတွေနဲ့တကွ ပံ့သကူအဖြစ် ပစ်ခဲ့ကြကြောင်း သပိတ်အင်အားစုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မန္တလေးသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ချမ်းအေးသာစံ မြို့နယ် မှာ ငလျင်ဒဏ်သင့် တိုက်ကို ဖြိုချရာမှာ ဒီနေ့ မနက် (အောက်တိုဘာလ ၃၀ရက် ) ၉ နာရီဝန်းကျင်မှာ ပြိုကျမှုဖြစ်ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လပြည့်ခဲ့ပါပြီ။ အချိန်ကာလအားဖြင့် နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ မန္တလေးမြို့မှာတော့ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ လုပ်ကိုင်နေရဆဲပါ။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေဆဲပါ။

သတင်း

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့တိုက်ဖြိုချရင်း ပြိုကျလို့ အမျိုးသားတဦး ပိမိပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။

သတင်း

မန္တ​လေးမြို့မှာဆိုင်ကယ်စီးလာသူတဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုကတားပြီး ဖုန်းစစ်မယ်ဆိုကာ ဖုန်းလုပြေးသွားပါတယ်။