close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ အိမ်ခြံမြေများကို CDF ထန်တလန် သိမ်းဆည်း

အစိုးရသစ်ထံ လွှဲအပ်သွားမည်ဟု အသိပေး

ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်၏ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Salai Tial Hram Ling

မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်၏ အိမ်၊ ခြံနှင့် မြေများအား သိမ်းဆည်းလိုက်ကြောင်း Chinland Defense Force – Thantlang(CDF-TT)က မတ်လ ၂၄ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။

မတရား အာဏာသိမ်းထားသည်သာမက ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်ကို အားပေးနေသူ၊ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်နေသော လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်သူဟု ဒေါက်တာမှုထန်၏ ရပ်တည်ချက်ကို CDF ထန်တလန်က ထောက်ပြသည်။

ထန်တလန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဒေါက်တာမှုထန်၏ နေအိမ် ၂ လုံး၊ မြေကွက် ၃ကွက်နှင့် မြေဧက ၅ ဧကခန့်ရှိ ခြံများအား သိမ်းဆည်းလိုက်ခြင်းဟု စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် Chinland Defense Force – Thantlang(CDF-TT)၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိသော ဒေါက်တာမှုထန်၏ အိမ်၊ ခြံနှင့် မြေများကို အပြီးသိမ်းဆည်း၍ အသစ်တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။

ယခုကြေညာချက်နှင့် စပ်လျဥ်း၍ ဖြစ်စဥ်အား အပြည့်အစုံသိရှိနိုင်ရန် Chinland Defense Force – Thantlang(CDF-TT)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်ကောင်စီအဖွဲ့ဝင် ပူဂင့်ကမ်းလျန်၏နေရာ၌ အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာမှုထန်သည် စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်မခံရမီအချိန်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချင်းပြည်နယ်ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါး - ထန်တလန်မြို့နယ်ကြားရှိ တပ်စခန်းများကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ယခုနှစ် ဇူလိုင်တတိယပတ်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းသိမ်းရခဲ့သည်။

သတင်း

စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။

သတင်း

အောက်တိုဘာ ၂၈ရက်တွင် ထန်တလန်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ဖွဲ့များထံ ရိက္ခာခဲယမ်းများ Y12 လေယာဉ်ဖြင့် ဖြည့်တင်းမှု ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

သတင်း

ချင်းပြည်နယ် ထန်တလန်မြို့၌ ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။