close
Connect with us

Hi, what are you looking for?

သတင်း

ဘားအံမှာ သင်္ကြန်ပွဲတော် စည်ကားအောင် စစ်ကောင်စီစီစဉ်

ကရင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေပေမယ့် ပြည်နယ်မြို့တော် ဘားအံမှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်းစည်ကားအောင် အာဏာသိမ်းစစ်ကောင်စီ က စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ် သင်္ကြန် မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကိုတွေ့ရပုံ (ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး)

မေနွယ် /People’s Spring

ကရင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေပေမယ့် ပြည်နယ်မြို့တော် ဘားအံမှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်းစည်ကားအောင် အာဏာသိမ်းစစ်ကောင်စီ က စီစဉ်နေပါတယ်။

ဘားအံမြို့ပေါ် ကမ်းနားလမ်းတလျှောက် မှာ လမ်းလျှောက် သင်္ကြန် ၊ ညစျေးတန်းအနီး သံလွင်မြစ် မှာ သဲသောင်ပြင် သင်္ကြန် တို့ကို ကျင်းပမှာ ဖြစ်ပြီး စတုဒီသာမဏ္ဍပ်တွေလည်းထည့်သွင်းကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့ က ကြေညာပါတယ်။

လက်ရှိမှာတော့ ကမ်းနားလမ်း ညစျေးအနီး သံလွင်မြစ်ကမ်း သဲသောင်ပြင်နေရာကို စက်ယန္တယား ယာဉ်တွေနဲ့ မြေညှိနေပြီလို့ မြို့ခံအချို့ကပြောပါ တယ်။

Public Service Announcement

Public Service Announcement

သဲသောင်ပြင်သင်္ကြန်ကိုတော့ ဘားအံမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ လမ်းလျှောက် သင်္ကြန် ထည့်သွင်းကျင်းပစေခဲ့ပေမယ့် စည်ကားမှုမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့ ၊ဖာပွန်မြို့ ၊ ကမမောင်းမြို့နဲ့ လှိုင်းဘွဲ့မြို့နယ်တွေအတွင်း တိုက်ပွဲတွေ ဖြစ်နေပြီး ထိုင်း – မြန်မာ နယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေပါတယ်။

တိုက်ပွဲတွေကြောင့် အဲဒီဒေသတွေက ဒေသခံတွေဟာ ဘားအံမြို့ဆီ လာရောက်စစ်ရှောင်ကြတာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲ ၁၀ဦးထက်မနည်း သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက လူထုနွေဦးသို့ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှန်ကန်မှုမရှိဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

တရုတ်အစိုးရ၏အစီအစဉ်ဖြင့်တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားပြီးနောက် လားရှိုးမြို့၌လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့ပြန်လည်ထူ​ထောင်​ရေး​ဆောင်ရွက်​နေသူတဦးက သတိပေးသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။