close
Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့နယ်တွင် KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(မတ်လ ၂၄ရက်)အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Kachinnet Burmese

မတ် ၂၄၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(မတ်လ ၂၄ရက်)အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ သူတို့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတယ်။ ဒီလောက်ပဲ သိရသေးတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ မတ်လ ၂၁ရက်က စတင်တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်ရှိနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

KIAပူးပေါင်းတပ်သည် ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် အချို့နှင့် ဗျူဟာစခန်းများအပါအဝင် တပ်စခန်းများစွာ သိမ်းပိုက်ထားရာ စစ်ကောင်စီတပ်အချို့သာ ကျန်တော့သည်။

KIAပူးပေါင်းနှင့် စစ်ကောင်စီတပ်တို့သည် မတ်လ ၂၂ရက်ကလည်း ဖားကန်မြို့နယ်တွင် တိုက်ပွဲရှိခဲ့သည်ဟု KIAက အသိပေးထားသည်။ စစ်ရေးအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို အရှိန်မြှင့် ဖော်ဆောင်နေစဉ် စစ်ကောင်စီကလည်း ဖားကန့်၊ တနိုင်း၊ ဝိုင်းမော်၊ ပူတာအို၊ မြစ်ကြီးနား မြို့နယ်များ၌ စစ်ရေးလှုပ်ရှားခြင်း၊ အင်အားဖြည့်တင်းခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

“ဗန်းမော် ထူးခြားစစ်ရေး မသိရသေး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ်၊ ခြေလျင်တပ်အချို့နှင့် လေယာဉ်ကွင်းကို သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ရေး တိုက်ခိုက်နေခြင်းဖြစ်သည်။အဆိုပါ စကခ(၂၁)၏ ကာကင်း စခန်းများအနက် စခန်းအများစုကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၂၂ရက်တွင် ဖော်ပြသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မတ်လ ၂၂ရက်) ညနေပိုင်းကစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

CDFဟားခါး ရဲဘော် ၅၂ဦးကျဆုံး၊ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်မည်ဖြစ်၍ ပြည်သူများ ဆက်လက်ပူးပေါင်းပါဝင်ရန် တိုက်တွန်း

သတင်း

အင်း‌တော်တို့စစ်ကူသွား​သောစစ်တပ်စစ်​ကြောင်း အင်း​တော်နှင့်ကသာမြို့နယ်ကြားတွင် စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အမှတ် (၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)ထဲသို့ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်နေသည်။