close
Connect with us

Hi, what are you looking for?

သတင်း

မာနယ်ပလောကို စစ်ကောင်စီဗုံးကြဲပြီးနောက် နယ်စပ်တလျောက် ထိုင်းလေတပ်ကင်းလှည့်

ထိုင်းနယ်စပ်အနီးက မာနယ်ပလော ဒေသကို စစ်ကောင်စီလေတပ်က မနေ့ (မတ်လ ၂၃ ရက်)မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေတပ်က နယ်စပ်တလျောက် လေကြောင်း ကင်းလှည့် ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

ထိုင်းလေတပ်ရဲ့ F -16 တိုက်လေယာဉ်တစ်စီးကိုတွေ့ရပုံ (ဓာတ်ပုံ - ထိုင်းလေတပ်)

မတ် -၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီးက မာနယ်ပလော ဒေသကို စစ်ကောင်စီလေတပ်က မနေ့ (မတ်လ ၂၃ ရက်)မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေတပ်က နယ်စပ်တလျောက် လေကြောင်း ကင်းလှည့် ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

မနေ့ (မတ် ၂၃ ) ညနေပိုင်း ၃ နာရီခွဲ ခန့်က ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီး ရှိ KNU ဗဟိုဌာနချုပ်နေရာဟောင်း မာနယ်ပလော ကို စစ်ကောင်စီလေတပ်က ဗုံး ၄ လုံးနဲ့ ကြဲချသွားတာဖြစ်ပြီး လူသူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ထိုင်းသတင်းရင်းမြစ်ကတော့ စစ်ကောင်စီလေတပ်က ရုရှားထုတ် YAK-130 ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မာနယ်ပလောမှာ တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတာလို့ သိရပါတယ်။ ဌာနချုပ်နေရာဟောင်းဖြစ်တဲ့ မာနယ်ပလောကို KNU က နှစ်ပေါင်း ၃၀ ခန့်အကြာ ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလအတွင်းမှာ ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ ။

KNU ရဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရ မာနယ်ပလောဟာ တပ်မဟာ (၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

မာနယ်ပလောကို KNUက ပြန်လည်သိမ်းယူပြီးနောက်ပိုင်းမှာ KNU တပ်မဟာ (၇) နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာလာပါတယ်။

လက်ရှိမှာလည်း KNU တပ်မဟာ (၇) က ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ လှိုင်းဘွဲ့မြို့နယ် ၊ ရှမ်းရွာသစ်မြို့ ၊ ခလယ့်ဒေး တပ်စခန်း တိုက်ပွဲကြောင့် ခလယ့်ဒေးရွာသူရွာသား ၁၀၀ကျော်ဟာ ထိုင်းဘက်ကို ထွက်ပြေးနေရပါတယ်။

ခလယ့်ဒေးတပ်စခန်းဟာ လက်ရှိ KNU ဌာနချုပ်နေရာအနီး မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းလည်းဖြစ်ပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းတိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကတော့ KNU တပ်မဟာ (၇) နယ်မြေ ထဲက ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။

ထိုင်း နယ်စပ်အနီး ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ မြန်မာစစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြီး ထိုင်းလေတပ်ကလည်း တိုက်လေယာဉ်စေလွှတ်ပြီး ကင်းလှည့်တာတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့လည်ခေါင်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက မနေ့ကညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဆောက်အဦး သုံးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေက ပါတယ်။

နိုင်ငံတကာ

အစ္စရေး စစ်တပ်ကလည်း ဆီးရီးယား အစိုးရ ပြိုလဲသွားတဲ့ အချိန်မှာ နှစ်ဖက် သဘောတူညီမှု ပျက်ပြယ်ပြီး လက်နက်ကိုင် အင်အားစုတွေ အစ္စရေးပိုင်နက်ထဲ ထိုးဖောက် ဝင်ရောက်လာနိုင်ခြေကို နိုးနိုးကြားကြား စောင့်ကြည့်နေကြောင်း အတည်ပြုထားပါတယ်။

သတင်း

ထိုင်းရဲ့ဆိုက်ဘာလုံခြုံရေး အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြန်မာ၊ လာအိုတို့နဲ့ နယ်စပ်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက် ကေဘယ်လ်ကြိုးတွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေကို စုံစမ်းဖော်ထုတ်နေခဲ့တာ ဖြစ်ပါတယ်။

သတင်း

ကနဦး အနေနဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာရှိတဲ့ သီရိလင်္ကာ သံရုံးကို အဆက်အသွယ်လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။