close
Connect with us

Hi, what are you looking for?

သတင်း

တန့်ယန်းမြို့၌ လေပြင်းကျ၊ ထိခိုက်ပျက်စီးမှုရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ယနေ့(မတ်လ ၂၂ရက်) ညနေက မိုးအနည်းငယ်ရွာခဲ့ပြီး တန့်ယန်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်အချို့ ကျိုးကျမှုဖြစ်ခဲ့သည်။

တန့်ယန်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအားတွေ့ရစဉ်။ ဓာတ်ပုံ - တန့်ယန်းမီးသတ်

ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ယနေ့(မတ်လ ၂၂ရက်) ညနေက မိုးအနည်းငယ်ရွာခဲ့ပြီး တန့်ယန်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်အချို့ ကျိုးကျမှုဖြစ်ခဲ့သည်။

ညနေ ၅နာရီခန့်က မိုးသက်လေပြင်းကျခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ သစ်ပင်နှင့် ဓာတ်တိုင်အချို့ကျိုးကျခဲ့ပြီး အခြားထိခိုက်မှုမရှိကြောင်း တန့်ယန်းမီးသတ်ဌာနက ထုတ်ပြန်ထားသည်။

မတ်လမှစတင်၍ မေလအထိ နိုင်ငံဒေသအများစု၌ လေပြင်းအန္တရာယ်ရှိနေပြီး မိုးကြိုးပစ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌‌ပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှမြို့နယ်တချို့ မိုးအနည်းငယ်ရွာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

လေပြင်းတိုက်ခိုက်မှုကြောင့် ဟိုပင်မြို့နယ် တကွင်းကျေးရွာတွင် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဓာတ်တိုင်နှင့်သစ်ပင်များလည်းလဲပြိုခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ကနီမြို့အခြေစိုက်ကျောက်လုံးကြီး KLGPDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက " အခုထိ လေမရပ်သေးဘူး။ အပျက်အစီးတွေရှိတယ်လို့ ကြားပေမယ့် မနက်မှ သိရမယ်"ဟု ပြောသည်။

သတင်း

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားတာဖြစ်ပါတယ်။