close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအား ILO က ပုဒ်မ (၃၃)အရ အရေးယူပေးရေး ဖားကန့်ပြည်သူများ ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO)က ဖွဲ့စည်းပုံ ဒအခြေခံဥပဒေ ပုဒ်မ (၃၃)အရ စစ်ကောင်စီအား ချက်ချင်းအရေးယူနိုင်ရေး ဆန္ဒ​ပြလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၅) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်_ဖားကန့်မြို့နယ်

သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO)က ဖွဲ့စည်းပုံ ဒအခြေခံဥပဒေ ပုဒ်မ (၃၃)အရ စစ်ကောင်စီအား ချက်ချင်းအရေးယူနိုင်ရေး ဆန္ဒ​ပြလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၅) ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများက “ILO implement Article33 On Myanmar Now 2025” ၊ “ပြည်သူသာ အဓိက” ၊ “ဖိနှိပ်သူတွေ စည်းလုံးရင် အဖိနှိပ်ခံတွေ တော်လှန်ကြ” ၊ “ILO – we need Article 33 to – Stop Forced Labor.- Stop Child Soldiers.- Stop Forced Military Conscription.- Stop bombing villages” စသည့်စာသားများ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် “၂ဝ၂၅ ILOပုဒ်မ(၃၃) အရချက်ချင်းအရေးယူပေး” ၊ “ဖက်ဆစ်စစ်အာဏာရှင် မုချကျရှုံးရမည်” ၊”What do we want – ILO Action” ၊ “When do we want it – Now” ၊ “ILO ILO – Take Action” ၊ “Free Free – Myanmar” ၊ “အရေးတော်ပုံ_အောင်ရမည်” စသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ချီတက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြလှုပ်ရှားမှုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်(ဖားကန့်မြို့နယ်)၏ အဖွဲ့ဝင်များ၊ နွေဦးသစ္စာအဖွဲ့၊ နွေဦးရောင်နီ(တာမခံအဖွဲ့)နှင့် ဖားကန့်မှော်လှည့်သပိတ်အင်အားစု စသည့် ဖားကန့်မြို့နယ်မှ အရပ်ဖက်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

“အကြမ်းဖက်စစ်တပ်က ILO စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို လေးစားလိုက်နာ အကောင်အထည်ဖော်မှု လုံးဝ မရှိသည့်အတွက် ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတာကို မတ်လ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ILO Governing Body -ILO အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးလျှက်ရှိပါတယ်။ ဒီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူနိုင်ရေး ကချင်ပြည်နယ်ဖားကန့်လူထုက အလိုရှိပါတယ်။ ဒါကြောင့် ILOရဲ့အဖွဲ့ဝင်နိုင်ငံတွေ ပြည်သူ့အသံကို သိရှိစေဖို့အတွက် အခုလိုဆန္ဒပြရခြင်းဖြစ်တယ်”ဟု သပိတ်ဦးဆောင်သူများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းရဲ့ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းနှင့် ဗန်းမော်အကျဥ်းထောင်များရှိ အကျဉ်းသားများ၊ ပြစ်ဒဏ်ကျ စစ်သားနှင့်ရဲများအား စစ်ကောင်စီက လက်နက်ကိုင်ခိုင်းပြီး တိုက်ပွဲများတွင် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အား အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ကာကင်းအချို့ကို ယနေ့(မတ်လ ၁၀ရက်)တွင် သိမ်းပိုက်နိုင်သည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စွဲရာနေရာ တစ်နေရာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ လက်လွှတ်ခဲ့ရကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

Facebook