close
Connect with us

Hi, what are you looking for?

သတင်း

အောင်လံအခြေစိုက် ကပစ(၁၅)မှ လှည့်ကင်းလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်အခြေစိုက် အမှတ်(၁၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၅)မှ စစ်ကောင်စီတပ်သားများ လှည့်ကင်းထွက်လာစဥ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးသွားကြောင်း သရက်ခရိုင်အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသော ခဲယမ်းနှင့် စစ်အသုံးအဆောင်အချို့။ ဓာတ်ပုံ - သရက်ခရိုင် ရင်း(၁)

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ အောင်လံမြို့နယ်အခြေစိုက် အမှတ်(၁၅) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၅) မှ စစ်ကောင်စီတပ်သားများ လှည့်ကင်းထွက်လာစဥ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးသွားကြောင်း သရက်ခရိုင်အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ကပစ(၁၅)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၅)ဦးခန့်သည် မတ်လ ၁၃ ရက် ည ၈ နာရီ ၄၀မိနစ်ခန့်တွင် သမ္ဘူလကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ ကင်းပတ်ထွက်လာခြင်းဖြစ်ပြီး သမ္ဘူလတိုက်နယ် ဖောင်ရိုး-အင်းကြီး -ကျွဲခေါင်းကျေးရွာလမ်းဆုံအရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“သမ္ဘူလနဲ့ အနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုကိုသ တင်းကြားလို့ပတ်တာပါ။ အမြဲမပတ်ဘူး။ ရံဖန်ရံ ခါပဲ ပတ်တာ”ဟု စစ်ကောင်စီတပ်လှုပ်ရှားမှုကို သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြာချိန် ၁၀မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကပစ(၁၅)မှ စစ်ကူများ ထပ်မံရောက်ရှိလာ၍ တော်လှန်ရေးပူးပေါင်းတို့အဖွဲ့များ ပြန်လည်ဆုတ်ခွာပေးခဲ့ရသော်လည်း ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ်(၁)တပ်ရင်းက အသိပေးသည်။

စစ်ကောင်စီတပ်လှည့်ကင်းအား ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရကာ ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် (၁)တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF) နှင့် အောင်လံ ပ.က.ဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်လှည့်ကင်းတိုက်ခိုက်မှုလုပ်ခဲ့သည့် ဖောင်ရိုး-အင်းကြီး -ကျွဲခေါင်းကျေးရွာလမ်းဆုံသည် ကပစ(၁၅)တပ်ဝင်းရှိ အုပ်ချုရေးရုံးနှင့် (၇)မိုင်ခန့်အကွာ၊ တပ်ဝန်းနှင့် (၄)ခန့်အကွာတွင်ရှိသည့် လမ်းဆုံ တစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း အောင်လံနယ်၊ သမ္ဘူလတိုက်နယ်ရဲစခန်းမှ ရဲဒုတပ်ကြပ်မျိုးကြီးအား အဆိုပါစခန်း အနီးတွင် သရက်ခရိုင် အမှတ်(၁)တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

Facebook