close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်က ရွာနှစ်ရွာဗုံးကြဲခံရ ကိုရင်ကြီး တစ်ပါးအပါအဝင် ၃ ဦး​သေဆုံး

မ‌ကွေးတိုင်း၊မြိုင်မြို့နယ်ကကျေးရွာနှစ်ရွာကို မတ်၁၄ ရက်​နေ့မှာ စစ်တပ်က​လေ​ကြောင်းက​နေဗုံးကြဲတာ​ကြောင့်ဘုန်ကြီး​ကျောင်းထိမှန်ပြီး ကိုရင်ကြီး ၁ ပါး၊ပြည်သူ၂‌‌ဦးသေဆုံးခဲ့ပြီးကျောင်းထိုင်ဆရာတော်အပါအဝင် ၁၆‌‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ‌​တွေက​ပြောပါတယ်။

■​ကျောင်ထိုင်ဆရာ​တော်အပါအဝင်ပြည်သူအနည်းဆုံး ၁၆ ဦးဒဏ်ရာရ

ကဖီး၊ရှိန်း/ People’s Spring

မ‌ကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာနှစ်ရွာကို မတ်၁၄ ရက်​နေ့မှာ စစ်တပ်က​လေ​ကြောင်းက​နေဗုံးကြဲတာ​ကြောင့်ဘုန်ကြီး​ကျောင်းထိမှန်ပြီး ကိုရင်ကြီး ၁ ပါး၊ပြည်သူ၂‌‌ဦးသေဆုံးခဲ့ပြီးကျောင်းထိုင်ဆရာတော်အပါအဝင် ၁၆‌‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ‌​တွေက​ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့၊မနက်၁၁နာရီ ၅၃ မိနစ်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကလာတဲ့ ဂျက်ဖိုက်တာ၂စီးနဲ့ မြိုင်မြို့နယ်အ​နောက်ပိုင်းက ဝဲတောင်ရွာဘုန်းကြီး ကျောင်း၊ရွာမြောက်ပိုင်းနဲ့ ဆူးဝင်းရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝယ်တောင်(တောင်)ရွာဘုန်းကြီး ကျောင်းတိုက်ခိုက်ခံရမှုမှာဘုန်းကြီးကျောင်းတစ်ခုလုံး မီးလောင်ပြိုကျခဲ့ပြီး​တော့ သက်​တော် ၃၀ ခန့်အရွယ်ကိုရင်ကြီး ၁ပါးပျံလွန်တော်မူခဲ့သလို အသက်၂၀အရွယ်အမျိုးသား၂‌‌ဦးနဲ့ခဲ့ပါတယ် ။ဒါအပြင် ကျောင်းထိုင်ဘုန်းကြီး ၊ကိုရင် ၂ ပါးနဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့​ဒေသခံတချို့က​ပြောပါတယ်။

ဒါအပြင်ရွာမြောက်ပိုင်းမှာလည်းနေအိမ်၂လုံးမီး လောင်ပျက်ဆီးခဲ့ပြီး ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာ တွေရရှိခဲ့တယ်လို့သိရပါတယ်။

“အိမ်က တော့လုံးလုံး ပျောက်ပဲ။အိမ်ရှင်အန်တီကြီးက ကတုပ်ကျင်းထဲ နေနေလို့လွတ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဆူးဝင်းရွာ‌‌စာကြည့်တိုက်ရဲ့အ ရှေ့ဘက်လည်းတချိန်ထဲလေ ကြောင်းတိုက်ခိုက်ခံခဲ့ရပြီး နေအိမ်၁ လုံးပျက်ဆီးကာပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

မတ်လ ၁၄ ရက် နေ့ညနေကပဲ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်တပ်ကလေ ကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂၇ ဦးအထိ သေဆုံးပြီး ၃၀ ​​ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီသည် မြိုင်မြို့နယ်ထဲကို ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှု​တွေမကြာခဏပြုလုပ်နေပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆုံကုန်းကျေးရွာကိုလေကြောင်းမှ တိုက်ခိုက်ရာ ဒေသခံ ၁၁ဦးသေဆုံးခဲ့ပါတယ်။

လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ဒေသခံ​တွေဗုံးခိုကျင်း​တွေတူးကြဖို့ ၊ ဒေသတွင်းသို့ဝင်ရောက်လာသူ​တွေကို သေချာစိစစ်ကြဖို့၊တော်လှန်ရေးအဖွဲ့အစည်း​တွေက ဆက်သွယ်ရေးအတွက်သုံးသော ဆက်သွယ်ရေးလိုင်းများမှလွဲ၍ ကျန် လိုင်းများပိတ်ရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ၃ရက်​နေ့မှာထုတ်ပြန်ခဲ့ပါတယ် ။

မြိုင်မြို့နယ်ပါဝင်တဲ့ ပခုက္ကူခရိုင်မှာလည်း လေကြောင်းအန္တရာယ်အတွက် ​ဒေသခံ ပြည်သူ​တွေအနေနဲ့လေကြောင်းအန္တရာယ် ၊ Paramotor(စက်တပ်လေထီး) အန္တရာယ်​တွေ သတိပြုကြဖို့ ၊ လူစုလူဝေးမလုပ်ကြဖို့ ၊ အိမ်တိုင်းဗုံးခိုကျင်းတူးထားကြဖို့ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၄ ရက်​နေ့မှာ ထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

Facebook