close
Connect with us

Hi, what are you looking for?

သတင်း

တကောင်းနီကယ်စက်ရုံအပါအဝင် ထီးချိုင့်မြို့ဝန်းကျင်ကို တော်လှန်ရေးတပ်များ ဆက်လက်ထိန်းချုပ်ထား

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် လက်တလောစစ်ရေးအခြေအနေငြိမ်သက်‌နေပြီး မြို့ပတ်ဝန်းကျင်ကျေးရွာများအား တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ထားကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)နှင့် နီးစပ်သူက ပြောသည်။

ထီးချိုင့်မြို့အတွင်း မီးလောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ-Tigyaing Revolution

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် လက်တလောစစ်ရေးအခြေအနေငြိမ်သက်‌နေပြီး မြို့ပတ်ဝန်းကျင်ကျေးရွာများအား တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ထားကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)နှင့် နီးစပ်သူက ပြောသည်။

” စစ်ကောင်စီတပ်တွေကတော့ မြို့ပေါ်မှာပဲ အရင်အတိုင်းတပ်စွဲထားပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကို သူတို့ မလာနိုင်ပါဘူး။ တစ်မြို့နယ်လုံးကို စကစက ပြန်ထိန်းချုပ်သွားတယ်ဆိုတာ မဟုတ်ပါဘူး”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၈ ရက်ကစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းအပြင် ရေကြောင်းကပါ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့၍ အိမ်အများအပြားပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

မြို့ခံများသည် မန္တလေးအပါအဝင် အခြားအနီးဝန်းကျင်မြို့နယ်များတွင် တိမ်းရှောင်နေကြသည်။ စစ်ကောင်စီက မြို့ကိုဖျက်ဆီးနေ၍ တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါ် ထိုးစစ်ဆင်မှု ရပ်ခဲ့သည်။ မြို့နှင့် ခုနစ်မိုင်ခန့်အကွာမှ မောင်းကုန်းကျေးရွာကို သိမ်းပိုက်လိုက်သလို အဆိုပါနေရာအနီးရှိ တကောင်းနီကယ်စက်ရုံကိုလည်း ထိန်းချုပ်ခဲ့သည်။

တရုတ်အစိုးရရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံရှိသော ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို ၂၀၂၄ ဩဂုတ်တွင် တော်လှန်ရေးတပ်များက သိမ်းယူခဲ့ခြင်းဖြစ်သည်။မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ် ၂ရက်တွင် ကြေညာခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့ ရဲစခန်း၊ ထီးချိုင့်တံတား၊ မြတောင်လမ်းဆုံတို့အပါအဝင် ရပ်ကွက်ငါးခုရှိသော မြို့ပေါ် နေရာအချို့၌ တပ်စွဲထားသည်။ မြသိန်းတန်တောင်ပေါ်ရှိ ထီးချိုင့်ရဲစခန်းကုန်းသည် ဘန်ကာအထပ်ထပ်ဖြင့် ခံစစ်ပြင်ဆင်ထားသည့် နေရာဖြစ်သည်။

မတ်လ ၈ရက်က ထီးချိုင့်မြို့နယ် ကွင်းကြီးရွာလမ်းဆုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ဒေသခံတစ်ဦးဒဏ်ရာရပြီး အိမ်ငါးလုံးပျက်စီးကာ ကျွဲသုံးကောင် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့်မြို့နယ် ရှိ တရုတ်နိုင်ငံက ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံထား​သော တကောင်းနီကယ်စက်ရုံကို ယာယီပိတ်သိမ်းရန် တရုတ်ဘက်က ပြင်ဆင်နေပြီး တရုတ်နိုင်ငံသားပညာရှင်အချို့လည်း နေရပ်ပြန်ရန်ပြင်ဆင်​နေကြ​ကြောင်း ဒေသခံများကပြောသည်။

သတင်း

စက်ရုံဆက်လက်လည်ပတ်ရန် ၊တရုတ်နိုင်ငံသားများအပါအဝင်စက်ရုံဝန်ထမ်းများ​ဘေးကင်းရန် NUG ကတရုတ်နှင့်​ဆွေး​နွေး၍ စီမံ​​ပေးထား

သတင်း

တကောင်းနီကယ်စက်ရုံဂိတ်ကိုယမန်နေ့(ဖေဖော်ဝါရီ၃ ရက်)ညနေ ၃ နာရီခန့်တွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

News

"နေ့ခင်း၁နာရီလောက်က သေနတ်နဲ့ပစ်သွားတာ။ ပစ်ပြီး ဆိုင်ကယ်မောင်းထွက်သွားတာ။ ဘေးလူတွေကို ဘာမှ လုပ်မသွားဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

Facebook