close
Connect with us

Hi, what are you looking for?

သတင်း

တ​ကောင်းနီကယ်စက်ရုံကို ယာယီရပ်နားရန်တရုတ်ပြင်ဆင်

ထီးချိုင့်မြို့နယ် ရှိ တရုတ်နိုင်ငံက ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံထား​သော တကောင်းနီကယ်စက်ရုံကို ယာယီပိတ်သိမ်းရန် တရုတ်ဘက်က ပြင်ဆင်နေပြီး တရုတ်နိုင်ငံသားပညာရှင်အချို့လည်း နေရပ်ပြန်ရန်ပြင်ဆင်​နေကြ​ကြောင်း ဒေသခံများကပြောသည်။

တ​ကောင်းနီကယ်စက်ရုံ စီမံကိန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

ထီးချိုင့်မြို့နယ် ရှိ တရုတ်နိုင်ငံက ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံထား​သော တကောင်းနီကယ်စက်ရုံကို ယာယီပိတ်သိမ်းရန် တရုတ်ဘက်က ပြင်ဆင်နေပြီး တရုတ်နိုင်ငံသားပညာရှင်အချို့လည်း နေရပ်ပြန်ရန်ပြင်ဆင်​နေကြ​ကြောင်း ဒေသခံများကပြောသည်။

စက်ရုံကို ပိတ်လိုက်တယ်ဗျ။ စစ်ကောင်စီက မောင်းကုန်းကိုလေကြောင်းကနေပစ်ပြီးတော့ စက်ရုံပိတ်ဖို့အသံထွက်လာတာ။စက်ရုံက တရုတ်ပညာရှင်တွေလည်းပြန်ဖို့အတွက် ဟတ်စကီးအသင့်ရှိနေပြီ” ဟု ထီးချိုင့်မြို့မှ ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့် မြို့နယ် ၊မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်လ ၂ ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။မောင်းကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကာ သိမ်းပိုက်လိုက်ပြီး ယင်းနေရာအနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် တကောင်းနီကယ်စက်ရုံကိုလည်း ဇူလိုင် လကုန်ပိုင်းတွင် PDF များကသိမ်းပိုက် ထိန်းချုပ်ခဲ့သည်။

စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်တွင် မောင်ကုန်းကျေးရွာအားလေကြောင်းမှတိုက်ခိုက်ရာ ဒေသခံပြည်သူ ကိုးဦးသေဆုံးခဲ့သည်။

စစ်ကောင်စီကလေကြောင်းတိုက်ခိုက်သည့်နေရာအနီး၌ တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံထားသည့် သကြားစက်ရုံရှိနေသကဲ့သို့ ၊ တကောင်းနီကယ်စက်ရုံနှင့်လည်း နှစ်မိုင်ကျော်သာဝေးကွာသည်။ ​မောင်ကုန်းရွာဗုံးကြဲခံရပြီးနောက် တကောင်းနီကယ်စက်ရုံပိတ်သိမ်းမည့် သတင်းထွက်လာခြင်းဖြစ်သည်။

“၁ နှစ်နားမယ်တဲ့။ ဝန်ထမ်းတွေ လျှော့ချတယ်။ ထုတ်တာလည်း ရှိတယ်။ နီကယ်(နီကယ်စက်ရုံ)ကို မှိခိုနေရသူတွေတော့ မလွယ်ဘူးဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

တကောင်းနီကယ်စက်ရုံပိတ်သိမ်းပါက စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာမည်ကို​ဒေသခံများ စိုးရိမ်နေကြကြောင်းဒေသခံများကပြောသည်။

မောင်းကုန်းကျေးရွာအား စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်မှုသည် တရုတ်စီမံကိန်းများအနီးကို ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ထိုးစစ်များရပ်တန့်အောင် တရုတ်အစိုးရက ဖိအားပေးရန် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု PDFအချို့ကပြောသည်။

တ​ကောင်းနီကယ်သတ္ထုထုတ်လုပ်မှုစီမံကိန်းကို ၂၀၀၈ ခုနှစ် ဇူလိုင်မှစတင်ကာအမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီ Myanmar CNMC Nickel တို့က အကျိုးတူပူး​ပေါင်းလုပ်ကိုင်​နေခြင်းဖြစ်သည်။ နှစ်​ပေါင်း ၂၀ သက်တမ်းရှိသ​ဘောတူစာချုပ်ကိုလက်မှတ်​ရေးထိုးခဲ့သည်။၂၀၁၁ မှစတင်စတင် ၍ နီကယ်တူး​​ဖော်ထုတ်လုပ်ခဲ့ပြီး ၂၀၃၁ အထိ့ဆက်လက်တူး​ဖော်မည်ဖြစ်သည်။ တရုတ် နိုင်ငံပိုင် ကုမ္ပဏီကအ​မေရီကန် ​​ဒေါ်လာ သန်း ၈၀၀ ​ကျော်ရင်းနှီးမြှပ်နှံထားခြင်းဖြစ်သည်။

စက်ရုံကို PDF များက သိမ်းပိုက်ထိန်းချုပ်ပြီး​နောက် တရုတ်စက်ရုံမှ တာဝန်ရှိသူများနှင့် PDF များ ညှိနှိုင်း၍ စက်ရုံဆက်လက် လည်ပတ်​နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်​​ရေးအစိုးရ (NUG)က တရုတ်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်မည်ဟုမူဝါဒချမှတ်ထားပြီး မူအတိုင်း တကောင်းနီကယ်စက်ရုံပုံမှန်လည်ပတ်နိုင်ရန် ​ဆောင်ရွက်​ပေး​နေ​ကြောင်းလည်း NUG သမ္မတရံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ကျော်​ဇောက ​ပြောသည်။

ထီးချိုင့်မြို့ခံများကမူ ​တော်လှန်​ရေးတပ်ဖွဲ့များအနေဖြင့် မြို့သိမ်းတိုက်ပွဲအား အလျင်အမြန်ဖော်​တောင်၌ မြို့ကိုသိမ်း​ပေးရန် လိုလားကြောင်းနှင့် မြို့ပျက်သည်အထိ ပေးဆပ်ထားသည့်လူထု၏ မျှော်လင့်ချက်ကိုအလေးထားရန် ​တောင်းဆို​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံအားလုံး အနေဖြင့် စစ်အာဏာရှင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို လေးစားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

သတင်း

မူဆယ်မြို့တွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်ပေါက်ဖြစ်သောနန်းတော်ဂိတ်ပေါက်၌ ယနေ့(စက်တင်ဘာလ ၃ရက်) နေ့ခင်းပိုင်းတွင် တရုတ်နိုင်ငံသို့ဝင်ရန်တန်းစီရင်းနေရာလုရာမှ ဓါးထိုးမှုဖြစ်ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

သီပေါမြို့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

သတင်း

တရုတ်နိုင်ငံက နယ်စပ်ဂိတ်​ပေါက်များကို ပိတ်ထားပြီး ​ဆေးဝါးများဝယ်ယူတင်သွင်းမှုကိုပါခွင့်မပြု​တော့သဖြင့် တရုတ်မှတင်သွင်း၍ အဓိက အသုံးပြု​နေရ​သော ​ဆေးဝါးများပါ ပြတ်လတ်လာပြီး ပြည်သူများ အခက်​တွေ့​နေ​ကြောင်း ​ရှမ်းပြည်နယ်​မြောက်ပိုင်းမှ ဒေသခံပြည်သူများကပြောသည်။

Facebook