close
Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်က နည်းမျိုးစုံဖြင့် လူသစ်စုနေဟု KIA အသိပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်တို့က စစ်သားစုဆောင်းမှုကို နည်းမျိုးစုံဖြင့်ပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်တို့က စစ်သားစုဆောင်းမှုကို နည်းမျိုးစုံဖြင့်ပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

အဆိုပါမြို့များသည် စစ်ကောင်စီတပ် ထိန်းချုပ် ထားဆဲဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသည့် ဒေသများဖြစ်သည်။

စစ်ကောင်စီက မြစ်ကြီးနားမြို့ရှိ ရပ်ကွက် အချို့၌ မတ်လဆန်းကစ၍ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး ခရီးသွားယာဉ်များပေါ်မှ ပြည်သူများကိုလည်း ဖမ်းဆီး လူသစ်စုခြင်းများရှိဟု KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၁၁ရက်တွင် သတင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

မတ်လ ၈ရက်က ဗလမင်းထင်တံတား၌ ပန်ဝါမြို့ဘက်ကလာသည့် ခရီးသည်ကားတစ်စီးတားဆီးပြီး ခရီးသည်ပြည်သူ ၉ဦးအား တပ်သားသစ် စုဆောင်း ဖမ်းဆီးသွားကြောင်း၊ ယင်းနေ့၌ပင် မြစ်ကြီးနားမြို့ (၂၁)မိုင် ဂိတ်၌ ခရီးသွားပြည်သူ ၅ဦးအား ဖမ်းဆီးသွားသည်ဟု ဒေသခံများကို ကိုးကားဖော်ပြသည်။

အလားတူ တနိုင်းမြို့နယ်တွင်လည်း ပြည်သူ့စစ်က ညအချိန်သွားလာနေသည့် လူငယ် ၊ လူလတ်ပိုင်းများအား ဖမ်းဆီးလူသစ်စုနေပြီး လူငယ်များရှိသည့် နေအိမ်များမသင်္ကာဟုဆိုကာ ဝင်ရောက်ရှာဖွေခြင်း၊ မူးယစ်ဆေးနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမည်ဟုဆိုကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

မြစ်ကြီးနားမြိုဘဒေသခံ တစ်ဦးကမူ လူသစ်စုဆောင်းမှုကို စစ်ကောင်စီဘက်က ပြုလုပ်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဘက်ကလည်း ပြုလုပ်မှုရှိနေကြောင်း ပြောပြသည်။

” နှစ်ဖက်လုံးကတော့ ဟုတ်တယ်။ဒါပေမဲ့ ဒီဘက်က ဘက်ကို ပါသွားရင်တော့လူတွေတော်တော်များများကတော့ စိတ်ချပါတယ် ။ ဒီဘက်က ဆိုရင်တော့ဆိုပြီး အဲဒီလိုမျိုးဖြစ်တယ်။ စကစဘက်ဆိုလို့ရှိရင်တော့ စိုးရိမ်မှုကြောင့်ကြမှု အရမ်းရှိတယ်။ ဖီလင်တော့ မတူဘူးပေါ့နော်”ဟု မြစ်ကြီးနားဒေသခံက ပြောသည်။

စစ်သားစုဆောင်းမှုအခြေအနေနှင့် ဒေသစစ်ရေး အခြေအနေကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံသို့ ယနေ့(မတ်လ ၁၂ရက်)ဆက်သွယ်ထားဆဲ ဖြစ်ပြီး အဆက်အသွယ် မရသေးပေ။

KIAသည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ မြို့များ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိရာ လက်ရှိတွင် ကချင်ပြည်နယ်၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သကဲ့သို့ စစ်ရေးအရ အရေးပါသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းအများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကို အပြီးသတ် သိမ်းနိုင်ရေးအပြင်းအထန် ထိုးစစ်ဆင်နေကြောင်း၊ စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ဒရုန်းပစ်ကူပေး ခုခံလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်တို့က ပြောထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့၌ ဆန္ဒပြပွဲများပြုလုပ်နေချိန်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ – KNG News)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အား အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ကာကင်းအချို့ကို ယနေ့(မတ်လ ၁၀ရက်)တွင် သိမ်းပိုက်နိုင်သည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(မတ်လ ၇ရက်)နံနက်တွင် ထပ်မံထိုးစစ် ဆင်လျက်ရှိကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စွဲရာနေရာ တစ်နေရာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ လက်လွှတ်ခဲ့ရကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

သတင်း

ရွှေတူးဖော်သည့် တရုတ်လုပ်ငန်းရှင်များအား ဒေသခံများတားစီးစဉ် ခိုက်ရန်ဖြစ်ပြီးနောက် MNDAA တပ်ဖွဲ့က ပစ်ခတ်ခြင်းဖြစ်ဟု သတင်းရင်းမြစ်ပြော