close
Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်တွင် မှတ္တိုင်နယ်မြေရဲစခန်းမှ နယ်ထိန်းတစ်ဦး ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ မှတ္တိုင်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်သည် ကျေးရွာများထံ ဆက်ကြေးကောက်ထွက်လာစဥ် စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadowက ပြောသည်။

စစ်ကောင်စီ နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်ထံမှ သိန်းဆည်းရရှိခဲ့သော ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-တပ်ရင်း ၃၆၀၁

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ မှတ္တိုင်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်သည် ကျေးရွာများထံ ဆက်ကြေးကောက်ထွက်လာစဥ် စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadowက ပြောသည်။

မတ်လ ၈ရက် နေ့လယ် ၃နာရီခွဲခန့်က မှတ္တိုင် နယ်မြေရဲစခန်းမှ ထွက်လာသည့် ရဲတပ်ကြပ်သိန်းလွင်အား သဲမဲရွာနှင့် ကုန်းသာကျေးရွာကြား၌ တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅)မှ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

စစ်ကောင်စီ နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်ထံမှ သိန်းဆည်းရရှိခဲ့သော ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-တပ်ရင်း ၃၆၀၁

ရဲတပ်ကြပ်သိန်းလွင်မှာ တော်လှန်ရေးရဲဘော်များအား အဝေးမှကြိုတင်မြင်တွေ့သွားရာ စီးလာသည့်ဆိုင်ကယ်အားရပ်တန့်၍ ဆည်ပေါင်မြောင်းအတွင်းခုန်ဆင်းကာ ထွက်ပြေးသွားခြင်းကြောင့် ကိုက် ၁၅၀ ခန့်အကွာမှ လိုက်လံပစ်ခတ်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadowက ပြော သည်။

Public Service Announcement

Public Service Announcement

“သူက လာတာက တစ်ယောက်တည်းလေ။ သတိထားလာတာ ဖြစ်နိုင်တယ်။ ကျနော်တို့ကို ကြိုမြင်သွားတာ။ မြင်တော့ ကိုက် ၁၅၀အကွာလောက်မှာ ဆိုင်ကယ်ကိုရပ်လည်းပြီးရော ဆိုင်ပေါင်မြောင်းထဲခုန်ချသွားတာပဲ။ အဲအချိန်မှာ ကျနော်တို့က လိုက်ပစ်တာပေါ့။ လက်မောင်းရှပ်ထိသွားတယ်လို့ သိထားရတယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်ထံမှဆိုင်ကယ်(၁)စီး၊ လက်ပစ်ဗုံး(၃)လုံး၊ ကျည်မျိုးစုံ(၆)တောင့်၊ လက်ထိပ်(၁)စုံ၊ ဆိုင်ကယ်နှင့်အတူ စာရွက်စာတန်းအချို့ကို သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း တပ်ရင်း(၃၆၀၁)က အသိပေးသည်။

နယ်ထိန်းတပ်ကြပ်သိန်းလွင်သည် မှတ္တိုင်နယ်မြေရဲစခန်းနယ်မြေအတွင်းရှိ ကျေးရွာအုပ်စုနေ ပြည်သူများအား အဓမ္မစစ်သားစုဆောင်းခြင်း၊ ငွေကြေးချမ်းသာသူများအား ဖမ်းစီးချုပ်နှောင်ကာ ငွေတောင်းပြီးမှပြန်လွှတ်ခြင်း၊ ၎င်းကိုယ်တိုင်ဦးဆောင်ဖမ်းစီးပြီး ညှင်းပန်းနှိုပ်ဆက်ရာတွင် သေဆုံးသူများလည်းရှိကာ ထောင်ချခံရသူများလည်းရှိသည်ဟု တပ်ရင်း (၃၆၀၁)က ဆိုသည်။

ပြည်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ၊ ပျူစောထီးများအနေဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်ပြီး ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းကာပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များထံအလင်း ဝင်ရောက်ကြရန် ပြည်ခရိုင် တပ်ရင်း (၃၆၀၁)က အသိပေး တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ပြည်ခရိုင်၊ သဲကုန်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော တယ်သီး ပင်ရပ်ကွက်၊ ဆရာအတတ်သင်(၁)လမ်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃)နှင့် တပ်ခွဲ (၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့၊ တယ်သီးပင်ရပ်ကွက်ရှိ မြို့အဝင်၊အထွက်ဂိတ်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း (၃၆၀၁ )မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်၍ မြေလှန်စနစ်ကျင့်သုံးသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပြည်ခရိုင်အတွင်းရောက်လာပြီဖြစ်၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

Facebook