close
Connect with us

Hi, what are you looking for?

သတင်း

ICC က ဝရမ်းထုတ်ထားသည့်မင်းအောင်လှိုင်နှင့် ပူတင်ရုပ်ပုံကပ်ပြီး ရန်ကုန်တွင် လှုပ်ရှားမှုပြုလုပ်

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ရုပ်ပုံများအား ရန်ကုန်မြို့၏နေရာအနှံ့အပြား၌ လိုက်လံကပ်သည့်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B )က ယနေ့(မတ်လ ၉ရက်) အသိပေးသည်။

သတိုး/People’s Spring

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ရုပ်ပုံများအား ရန်ကုန်မြို့၏နေရာအနှံ့အပြား၌ လိုက်လံကပ်သည့်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B )က ယနေ့(မတ်လ ၉ရက်) အသိပေးသည်။

“အကြမ်းဖက် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့နေရာ အနှံ့အပြား၌ စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုအား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်နှင့်ပူတင်တို့၏ ဓာတ်ပုံများပေါ်တွင် “WANTED” စာသားများရိုက်နှိပ်၍ ယူကရိန်းနိုင်ငံနှင့်အတူ ရပ်တည်ကြောင်းစာသားပါသည့် စာရွက်များကို ‌ရန်ကုန်မြို့နေရာအများအပြား၌ ကပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B ) တွင် LinnYaungNiYouth Organization_LYNYO၊ MayangoneDemocraticFront_MDF၊ Kyimyindaing Networks_KMD18 နှင့်OwlCommunity တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေချိန် အခုသီတင်းပတ်မှာ အာဏာ သိမ်းစစ်ခေါင်းဆောင် ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်ဟာ အနောက်နိုင်ငံတွေအတွက် ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရုရှားခရီးစဥ်အတွင်း ချုပ်ဆိုခဲ့သောစာချုပ်များမှာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိအမှတ်မပြုဘဲ တော်လှန်ရေးအောင်မြင်ပြီးချိန်တွင် ယင်းသဘောတူညီချက်၊ စာချုပ်များမှာ ‘အမှိုက်’သာ ဖြစ်သွားမည်ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိပေးပြောကြားသည်။

သတင်း

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ချီးကျူး ဝမ်းမြောက်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမီယာပူတင်ရဲ့ ဖိတ်ကြားချက်အရ ဒီနေ့ မတ်လ ၃ရက် မနက်ပိုင်းမှာ နေပြည်တော်ကနေ ရုရှားကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Facebook