close
Connect with us

Hi, what are you looking for?

သတင်း

One Championship တွင် စိုးလင်းဦး ရုရှားဖိုက်တာကို အမှတ်ဖြင့်ရှုံး၊ Oneတွင် သုံးပွဲဆက် ရှုံးပွဲကြုံ

One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဓာတ်ပုံ - One Championship

သုည/People’s Spring

One Championship က ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါ One Fight Night 29 ပြိုင်ပွဲ၏ မွေထိုင်း ကတ်ရှ်ဝိတ်တန်းပွဲစဥ်တွင် စိုးလင်းဦးနှင့် ရုရှားဖိုက်တာ ကော့ထွန်းတို့ ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

စိုးလင်းဦးနှင့် ကော့ထွန်းတို့သည် ပွဲချိန် (၃)ချီအပြည့်ထိုးသတ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်ဖြင့် စိုးလင်းဦး အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းပွဲတွင် စိုးလင်းဦးသည် တိုက်စစ်ဖွင့်၍ အကောင်းဆုံးယှဥ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အရပ်အမောင်းမြင့်မားသည့် ကော့ထွန်းကို ထိထိမိမိ ထိုးသတ်နိုင်ခြင်း မရှိခဲ့ပေ။

ကော့ထွန်းက စိုးလင်းဦးထက် အရပ်အ​မောင်းမြင့်မားပြီး ထောက်လက်သီး၊ ခြေကန်ချက်တို့ဖြင့် အသာရအောင် ထိုးသတ်နိုင်ခဲ့သည့်အတွက် ပွဲအပြီး၌ ဒိုင်များ၏ဆုံးဖြတ်ချက် အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲရှုံးနိမ့်ခဲ့သည့်အတွက် စိုးလင်းဦးအနေဖြင့် One Championship တွင် သုံးပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ရသည်။

စိုးလင်းဦးသည် ONE Championship ပြိုင်ပွဲတွင် ၆ ပွဲထိုးသတ်ရာ ၃ ပွဲနိုင် ၃ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship နှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးပွဲဦးထွက်အဖြစ် ချီလီဖိုက်တာနှင့် ထိုးသတ်မည်ဖြစ်ကြောင်း Oneက တရားဝင်ထုတ်ပြန်သည်။

သတင်း

One Championshipက ယနေ့ (ဇန်နဝါရီ ၂၄) ညပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်ဇင်တို့က ပြိုင်ဘက်ကစားသမားများကို အသီးသီး ရှုံးနိမ့်ခဲ့သည်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပခဲ့သည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော်စိုးလင်းဦးက အိမ်ရှင်ထိုင်းဖိုက်တာ နဘီးကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

Facebook