close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းခံရတဲ့ ကားသမား မြိုင်ပကဖအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းခံရတဲ့ ကားသမားတစ်ဦး စစ်တပ်ကနေ ထွက်ပြေးလာပြီး မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ပါတယ်။

ထွက်ပြေးလာသည့် ပေါ်တာဆွဲခံရသော ကားသမားအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ

မင်းညို/People’s Spring

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းခံရတဲ့ ကားသမားတစ်ဦး စစ်တပ်ကနေ ထွက်ပြေးလာပြီး မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ပါတယ်။

မနေ့က (မတ်လ ၁ရက်)နေ့မှာ ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတဦးဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ – တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောပါတယ်။

ကိုမျိုးမင်းအောင်လို့ အမည်ရတဲ့ အဲဒီစစ်သားဟာ အရင်က ကားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာမှာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃)ကနေ စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရတာလို့ ၎င်းက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကနေ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)ကို ပို့ဆောင်ခံခဲ့ရပြီး ယခုအခါ ထွက်ပြေးလာခဲ့တာလို့ သိရပါတယ်။

“အစကတည်းက မပျော်လို့ တခြားအဖွဲ့စည်းကနေတဆင့် ဆက်သွယ်လာလို့ခေါ်ထုတ်လာတာပါ။”လို့ မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောပါတယ်။

သူကိုင်ဆောင်တဲ့ MA-1 သေနတ် ၁လတ် ၊ MA ကျည် ၆၀ ၊ ကျည်ဘောက် ၃ခုကိုပါ ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့တာပါ။

စစ်ကိုင်းတံတားမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာဘဲ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က PDF တပ်ရင်းများ၊ပကဖများသို့ ဆက်သွယ်ကာ ဒုရဲအုပ် (၁) ဦးအပါအဝင် တပ်သားနဲ့ ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကရင်ပြည်နယ် ၊မြဝတီ ​ဒေသမှာ ကျားဖြန့် နှိမ်နင်း​ရေးအ​ကြောင်းပြပြီး စစ်​ကောင်စီက အင်အားတိုးနယ်​မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစား​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်မှာ ​ပြောပြပါမယ် ။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့မှ အမှတ်(၃)ရပ်ကွက် စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏သားဖြစ်သူ Non-CDM ဝန်ထမ်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ယနေ့(မတ်လ ၁ရက်)အသိပေး ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်မှုထမ်းရန် စစ်ကောင်စီတပ်ခေါ်ယူမည့် လူငယ် ၇၀၀ ကျော်၏ အမည်စာရင်း ရရှိထားကြောင်း ပခုက္ကူခရိုင်အခြေစိုက်လှုပ်ရှားတပ် People's Democratic Army(PDA)က အသိပေးထုတ်ပြန်သည်။

သတင်း

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။