close
Connect with us

Hi, what are you looking for?

သတင်း

အိုးဘို​ထောင်ဝန်ထမ်း​တွေက နိုင်ကျဥ်းတစ်ဦးကိုဝိုင်းဝန်းရိုက်နှက်မှုအ​ပေါ်သက်​သေလိမ်လည်ထွက်ဆို​ပေးကြဖို့ အကျဥ်းသူ​တွေကိုဖိ​အား​ပေး​နေ

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံ​ရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်​တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။

မန္တ​လေး အိုးဘို​ထောင်ကို Google Earth တွင်​တွေ့ရမှု

ရှိန်း/People’s Spring

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံ​ရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်​တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။

ဖေဖော်ဝါရီလ၆ ရက်နေ့က တရားရုံးသွားရန်စောင့်နေတဲ့ နိုင်ကျဥ်းအချုပ်သူ မအိမြတ်နန္ဒာထွန်းဟာတခြားအကျဥ်းသူတဦးကိုနှုတ်ဆက်လို့ဆိုပြီး အထွက်မှာ စည်းကမ်းထိန်း မဆုမြတ်
(ခ)မြတ်ကြီးဆိုသူက မျက်နှာကိုလက်သီးနဲ့ထိုးခဲ့ပါတယ်။

အဲဒီနောက် တံခါးရှေ့ကဆင်ဝင်အောက်မှာ တန်းစီး နှင်းစန္ဒာဦး(ခ)မိန်းမိန်းဆိုသူကပါ မအိမြတ်နန္ဒာထွန်းကိုချုပ်ထားပေးပြီး မြတ်ကြီးဆိုသူနဲ့ မတင်တင်ချို(ခ)ကိုဒွေးဆိုသူတို့ကဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ရုံးထုတ်ချိန်မှာ ကျူးလွန်ခံရသူတွေရဲ့မိဘတွေကသိပြီး အရေးယူပေးဖို့ပြောဆိုခဲ့တာကြောင့် အဲဒီညမှာတင် မအိမြတ်နန္ဒာထွန်းကို အဆောင်မှူး၊ဒု-အဆောင်မှူး၊တန်းစီးတွေနဲ့စည်းကမ်းထိန်းသိမ်းရေးတွေက ခေါ်ယူခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တယ်လို့ အကျဥ်းသူတွေဆီကသိရပါတယ်။

ကျူးလွန်ခဲ့သူမဆုမြတ်(ခ)မြတ်ကြီးဆိုသူက”မတောင်းပန်နိုင်ဘူး။ငါတို့လုပ်လို့သေသွားရင်
တောင် သေစာရင်းထဲထည့်လိုက်လို့ရတယ်။တိုင်ချင်ရာတိုင်”လို့ပြောခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက်ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မအိမြတ်နန္ဒာထွန်းနဲ့အတူ ရုံးထုတ်ခဲ့သူတွေအားလုံးကိုခေါ်ပြီး စစ်ဆေးတဲ့အခါကြရင် မအိမြတ်နန္ဒာထွန်းကဆဲလို့ရိုက်နှက်ခံရတာလို့ ထွက်ဆိုဖို့ ခြိမ်းခြောက်ပြောဆိုတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အချုပ်သူတွေက မအိမြတ်နန္ဒာထွန်းကမဆဲကြောင်း ပြောလို့ဆိုပြီး အဆောင်မှူးဒေါ်သွယ်သွယ်ဦး၊ဒုအဆောင်မှူးဒေါ်ဥမ္မာဟန်ဝင်း၊တန်းစီး မသီတာ​ထွေး(ခ)အန်ကယ်ကြီး(ခ)ဗေဒင်ဆရာစိုးဇင်ညွန့်၊တန်းစီးနှင်းစန္ဒာဦး(ခ)မိန်မိန်းဆိုသူတို့က အချုပ်သူတွေကို ခြိမ်းခြောက်​နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းက အမျိုးသမီးအဆောင်တွေမှာ ယခုလအတွင်း ဝမ်းရောဂါတွေဖြစ်ပွားခဲ့ပြီး ဆေးဝါးပြတ်လပ်တာတွေ ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

သတင်း

အခြားထောင်အချို့တွင်လည်း ယခုကဲ့သို့ ငွေကြေးကောက်ခံမှုမျိုး ကြုံဖူးကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

သတင်း

အကျဥ်းသားဧည့်တွေ့ခွင့် ငွေကောက်ခံမှုနှင့်ပတ်သက်၍ ရွှေဘိုမြို့ရှိ နိုင်ငံရေးသမားများထံ ဆက်သွယ်မေးမြန်းထားပြီး မှတ်ချက်တစုံတရာ မရရှိသေးပေ။

သတင်း

ယခု ၂၀၂၄အတွင်း ကျဆုံးနိုင်ငံရေးအကျဥ်းသားများအနက် အသက် (၇၄)နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်သည်။

Facebook