close
Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် အထိနာကာ တိုက်ပွဲအတွင်းအလံဖြူထောင်၍ တော်လှန်ရေးရဲဘော်များထံထွက်ပြေးလာသော စစ်သားအချို့ကို စစ်ကောင်စီတပ်က အချင်းချင်းပြန်ပစ်သတ်ခဲ့ကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက ပြောသည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ ၁၁ ရက်က ရေစကြိုမြို့ရှိ စစ်ကောင်စီ၏ ခလရ(၂၅၆၊၂၅၇) နှင့် (၂၅၈)တပ်ရင်းများ၏ ပူးပေါင်းစစ်ကြောင်းအား တိုက်ခိုက်သည့်ရုပ်သံဖိုင်

အလံဖြူထောင်၍ တော်လှန်ရေးရဲဘော်များထံထွက်ပြေးလာသော စစ်သားအချို့ကို စစ်ကောင်စီတပ်က ပစ်သတ်ဟု Southern YSO PDFပြော

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် အထိနာကာ တိုက်ပွဲအတွင်းအလံဖြူထောင်၍ တော်လှန်ရေးရဲဘော်များထံထွက်ပြေးလာသော စစ်သားအချို့ကို စစ်ကောင်စီတပ်က အချင်းချင်းပြန်ပစ်သတ်ခဲ့ကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက ပြောသည်။

“နတ်မိကျောင်း စစ်ဆင်ရေး”စစ်ဆင်ရေးဖြင့် ဖေဖော်ဝါရီ ၁၁ ရက်က ရေစကြိုမြို့ရှိ စစ်ကောင်စီ၏ ခလရ(၂၅၆၊၂၅၇) နှင့် (၂၅၈)တပ်ရင်းများ၏ ပူးပေါင်းစစ်ကြောင်းအား တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၁ရက်က ပခန်းမြို့၌ တစ်ညအိပ်ပြီး ရေစကြို့မြို့နယ်သို့ စစ်ကောင်စီပူးပေါင်းတပ်များ စစ်ကြောင်းပြန်ထိုးလာစဉ် ပခန်းမြို့မြောက်ဘတ် လမ်းခုလပ်တနေရာ၌ ၄၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု Southern YSO PDFက ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကျည်ထိမှန်သူ ၂၀ဦးထက်မနည်းရှိပြီး တပ်သားအချို့သည် အင်္ကျီချွတ်၍ အလံထောင်ပြ ထွက်ပြေးလာသူများရှိခဲ့ကြောင်း သိရသည်။

အလံဖြူထောင်၍ ရဲဘော်များထံ ထွက်ပြေးလာသော စစ်သားအချို့ကို စစ်ကောင်စီတပ်က အချင်းချင်း ပစ်သတ်ခဲ့သည်ကို တွေ့ရကြောင်း ကိုအောင်မောင်းက ပြောသည်။

ထို့အပြင် ခလရ(၂၅၈)တပ်မှ ဟောင်ဝစ်ဇာဖြင့် ပစ်ကူပေးကာ တောင်အိုရွာရှိစစ်ကောင်စီဂိတ်မှ လက်နတ်ကြီး ပစ်ခတ်မှုနှင့် မြေပြင်စစ်ကူပေးခဲ့ကြောင်း ကိုအောင်မောင်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA 3 သေနတ်တစ်လက် နှင့် MA 1 သေနတ် ​လေးလက်ကို တပ်ပေါင်းစုကသိမ်းဆည်းရရှိပြီး စစ်ကောင်စီ၏ ဒုတိယ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၁၀ဦးသေဆုံးသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ ဒဏ်ရာရှိသူ စစ်ကြောင်မှူး ဗိုလ်ကြီးကျော်လင်းဦး ရင်ဘတ်ကျည်ဖောက်ဝင်ခဲ့ပြီး တပ်ကြပ် ကျော်သီဟထွန်း၏ ပေါင် ကျည်မှန်ကာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့် ဆေးရုံသို့ ရောက်ရှိနိုင်ကြောင်းလည်း Southern YSO PDF က ထုတ်ပြန်ထားသည်။

“လက်ရှိအခြေအနေအရ အထွေအထူးတော့မရှိတော့ဘူး။ပြန်ဖြည့်ဖို့ လက်နက်ခဲယမ်းတွေကိုတော့ ပြည်သူလူထုကို အကူအညီတောင်းခံပါတယ်”ဟု Southern YSO PDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သေဆုံးသူများနှင့် ဒဏ်ရာရများကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်အစောပိုင်းက ပခုက္ကူမြို့သို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။

“နတ်မိကျောင်း စစ်ဆင်ရေး”ကို Southern Local တပ်ပေါင်းစု Yesagyo Revolution Group (YRG)၊ဒေါင်းညီနောင် PDF၊ဒေါင်းစစ်သည် PDF၊ပြည်သူ့အားမာန် PDF နှင့် King Cobra ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော ပခန်းမြို့သည် ရေစကြိုမြို့ နယ်၏ အလယ်ပိုင်းတွင်ရှိကာ နဂါးတွင်း၊တောင်မင်း ကျောင်း၊ရွာသာ နှင့် မြောက်ပြင် ကျေးရွာများအနီးတည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲများတွင် ဗိုလ်ချုပ်အဆင့်များပါ လက်နက်ချအညံ့ခံနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးနေကြ​သော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရာရှိ၊ စစ်သည်များသည်ရှေ့တန်းစစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိကြောင်း စစ်သားနှင့်တပ်မိသားစုဝင်များအား ​ပြောကြားခဲ့သည်။

သတင်း

ဝက်လက်မြို့နယ်၊အရှေ့တောင်ဘက်က အုန်းနှဲဘုတ်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်​​ကြောင်းဟာ ဆယ်နဲ့ချီသေဆုံးခဲ့ပြီး စစ်သား ၁၂ဦးခန့် ဟာ PDF ​တွေထံမှာအလံဖြူထောင်လက်နက်ချခဲ့တယ်လို့တော်လှန်ရေးတပ်နဲ့ ​ဒေသခံအချို့ဆီကသိရပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

သတင်း

တိုက်ပွဲတွင် PCGခေါင်းဆောင် ဦးယွပ်ဇော်ခေါင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရဟုဆို