close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင်တွေပါတဲ့ ယာဉ်စစ်အဖွဲ့က ကားနဲ့လှည့်ပြီး စစ်ဆေးငွေညှစ်နေ

မန္တလေးမြို့မှာ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းကို အထိုင်ချ မစစ်ဆေးတော့ဘဲ စစ်တပ်လက်ဝေခံ ပျုစောထီးတွေ ပါတဲ့အဖွဲ့က မြို့တွင်း ကားနဲ့ လှည့်ပြီး စစ်ဆေးကာ ငွေညှစ်တာတွေ အခုရက်ပိုင်းပြုလုပ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဆီကသိရပါတယ်။

အာဏာမသိမ်းခင်က မန္တလေးမှာ ယာဉ်စစ်ဆေးမှု ကိုတွေ့ရပုံ ဓာတ်ပုံ - MDN

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းကို အထိုင်ချ မစစ်ဆေးတော့ဘဲ စစ်တပ်လက်ဝေခံ ပျုစောထီးတွေ ပါတဲ့အဖွဲ့က မြို့တွင်း ကားနဲ့ လှည့်ပြီး စစ်ဆေးကာ ငွေညှစ်တာတွေ အခုရက်ပိုင်းပြုလုပ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဆီကသိရပါတယ်။

ယခင်က မန္တလေးမှာ ယာဉ်ထိန်းရဲအဖွဲ့ ဦးဆောင်ပြီး ယာဉ်စစ်တာကို မြို့ရဲ့အဓိက လမ်းမကြီးတွေမှာ အထိုင်ချ စစ်ဆေးလေ့ရှိတာပါ။

အခု ကားနဲ့လှည့်ပတ်စစ်ဆေးတဲ့အဖွဲ့ကတော့ ရပ်ကွက် လမ်းကြို လမ်းကြားပါမကျန် လိုက်လံစစ်ဆေးပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းသူ တွေ ၊ ကားမောင်းနေချိန် ခါးပတ်မပတ်သူတွေကို ပစ်မှတ်ထား စစ်ဆေးတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အနည်းဆုံးတော့ သုံးသောင်း(ကျပ်) ကစပေးရတာ၊မရမက ငွေအတင်းရှာနေတာ “လို့ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာ စစ်ဆေးခံရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ကားနဲ့လိုက်လံ စစ်ဆေးတဲ့အဖွဲ့ထဲမှာ ယာဥ်ထိန်းရဲမပါဘဲ စစ်တပ်၊ ရဲ၊ ပျူစောထီးနဲ့ ရပ်ရွာလုံခြုံရေး( ရလဖ )ခေါ် အပြာရောင် ယူနီဖောင်းဝတ်အဖွဲ့ဝင် ပါဝင်တယ်လို့ သိရတယ်။

“အန်တီက ရှေ့မှာဖမ်းနေလို့ရှောင်ပြီးကွေ့သွားတာကို နောက်ကနေ ကားနဲ့လိုက်လာပြီးဖမ်းတာ”လို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ အသက်၅၀အရွယ်အမျိုးသမီးက ပြောပါတယ်။

မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်သလို စစ်ကောင်စီ ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားပါတယ်။

မန္တလေး ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး လက်ဝေခံ ပျုစောထီးတွေ မွေးထုတ်ကာ ရပ်ကွက်လုံခြုံရေးယူစေတာ ၊ တိုက်ပွဲတွေမှာ ခေါ်ယူ အသုံးပြုတာတွေ ရှိနေပါတယ်။

စစ်တပ်မွေးထုတ်ထားတဲ့ ပျုစောထီးတွေဟာ ရပ်ကွက်တွေထဲ ကင်းပတ်တာ ၊ ဧည့်စာရင်းစစ်တာ ၊ လမ်းသွားလမ်းလာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာမျိုးတွေ ပြုလုပ်ခဲ့တာလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းပြည်သူ့စစ်ရွာမှ ပျူစောထီးတွေနဲ့ အရာရှိစစ်သည်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး အလင်းမဝင်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ရာအိမ်မှုး အမျိုးသား တစ်ဦး စစ်တပ်လက်ဝေခံ ပျုစောထီး အဖွဲ့ဝင်တွေ ဝိုင်းရိုက်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

စစ်​ကောင်စီ​ကြောင့် ပြည်သူ ၃ ဦး​သေပြီး ၊ အိမ် ၄၀ ခန့်မီး​လောင်