သုည/People’s Spring
ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၈ရက်)မှာ အသီးသီးချီတက်ဆန္ဒပြခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းတစ်ခုမှာ ” ချစ်ခြင်းတရားနဲ့မဟုတ်မခံစိတ်ကလွဲရင် တခြားအများကြီးမလို မျှတသောလောကသစ်ကိုမင်းရဖို့ ”ဆိုတဲ့ သီချင်းစာသားပါ ဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဘန်နာပါ စာသားဟာ တော်လှန်ရေး သီချင်းတွေကို သီဆိုခဲ့တဲ့ ဇင်လင်း(angry folks)ရဲ့ ရန်သူစစ်သီချင်းမှ စာသားပဲ ဖြစ်ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက ဦးဆောင်ကာ “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
အလားတူ ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုညသပိတ် ဆင်နွှဲခဲ့ပါတယ်။
