close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံသို့ဝင်ရောက်ရန်ကြိုးပမ်းသည့် လူငယ်များ နယ်စပ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုခံရပြီး တစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ရန် နယ်စပ်အနီး သုသာန်တစ်ခုတွင် ပွဲစား၏အစီအစဥ်အတိုင်း ပုန်းအောင်းနေသည့် လူငယ်များကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ကဖေး/People’s Spring

ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ရန် နယ်စပ်အနီး သုသာန်တစ်ခုတွင် ပွဲစား၏အစီအစဥ်အတိုင်း ပုန်းအောင်းနေသည့် လူငယ်များကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့် ဖေဖောိဝါရီ ၅ရက်က ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းသူ လူငယ် ၆၀ဦးသည် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ထောင်ခမတ်ကျေးရွာ သုသာန်အတွင်း ပုန်းနေစဉ် စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်ခြင်းဖြစ်သည်။

” ခိုးဝင်မယ့် မြန်မာတွေ ရောက်နေတယ်ဆိုပြီး ထောင်ခမတ်အုပ်ကြီးက လှမ်းအကြောင်းကြားတာတဲ့။ စစ်တပ်က ပစ်ဖမ်းတာရှင်”ဟု ဘုတ်ပြင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် (၂၀)အရွယ်လူငယ်တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရကာ တစ်ဦးမှာ စိုးရိမ်ရကြောင်း သတင်းရရှိသည်။

ထို့အပြင် လူငယ်အားလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဒဏ်ရာရသည့် ခြောက်ဦးကို ဆေးရုံ၌ပြီး ကျန် ၅၃ဦးကို ဘုတ်ပြင်းအားကစားရုံ၌ ထားရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးနေခြင်းကြောင့် ပြည်ပနိုင်ငံထွက်၍ အလုပ်လုပ်ရန် ကြိုးစားနေသူများသည် ပွဲစားများမှတဆင့် တရားမဝင်ထွက်နေကြသည်။ အများစုမှာ အိမ်နီးခြင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းနေကြသည်။

ထိုသို့ ထွက်ခွာရန် ကြိုးပမ်းစဉ် ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်း၊ လမ်းခုလတ်၌ ကားမှောက်သေဆုံးခြင်း၊ တောလမ်းများ၌ ထားခဲ့ခံရခြင်းများ ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီဒေသဆီ လျှပ်စစ်မီးဖြန့်ဖြူးတာကို ထိုင်းဘက်က ဒီနေ့မှာ စတင်ဖြတ်တောက်လိုက်ပြီးနောက် မြဝတီမြို့ကဒေသခံတွေဟာ စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။

သတင်း

ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

သတင်း

ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် ဖိနှိပ်ငွေညှစ်ပြီး ဝင်ငွေအများဆုံးရှာပေးနိုင်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို စစ်ကောင်စီက အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်လိုက်လို့မြန်မာလုပ်သားတွေ ဖိနှိပ်မှု ပိုမိုခံစားရမယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညိပေးနေသူတွေက သတိပေးပြောကြားပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းအတွက် အသုံးပြုနေတဲ့ အရေအတွက် ထောင်ချီရှိတဲ့ မိုဘိုင်းဖုန်းတွေကို ဖုန်းဆင်မ်ကတ်တွေ၊ကွန်ပျူတာတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။