People’s Spring
ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီဒေသဆီ လျှပ်စစ်မီးဖြန့်ဖြူးတာကို ထိုင်းဘက်က ဒီနေ့မှာ စတင်ဖြတ်တောက်လိုက်ပြီးနောက် မြဝတီမြို့ကဒေသခံတွေဟာ စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။
မြန်မာဘက်နယ်စပ်ဆီ လျှပ်စစ်မီးအပြင် လောင်စာဆီပါ ဖြတ်တောက်ဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြား လိုက်ပြီးနောက် ဒီမနက်မှာ လျှပ်စစ်မီး စတင်ဖြတ်တောက်ခံရတာလို့သိရပါတယ်။
စက်သုံးဆီပါ ဖြတ်တောက်ခံရလာနိုင်တဲ့ သတင်းတွေထွက်လာတဲ့အတွက် မြဝတီမြို့ခံတွေဟာစက်သုံးဆီဆိုင်တွေမှာ ဆိုင်ကယ်၊ ကားတွေကို ကြိုတင် စက်သုံးဆီဖြည့်တင်းလာတာကြောင့် တန်းစီစောင့်ဆိုင်းဝယ်ယူရတဲ့အခြေအနေ ဒီမနက်မှာ ဖြစ်လာပါတယ်။

Public Service Announcement
ဒါ့အပြင် လျှပ်စစ်မီးဖြတ်တောက်တာကြောင့် မြဝတီမြို့က ပြည်သူ့ဆေးရုံကြီးနဲ့ အောက်ဆီဂျင်စက်ရုံတို့ဟာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – ပေးပို့
