close
Connect with us

Hi, what are you looking for?

သတင်း

ညွှန်ကြားချက်ရရင် မြန်မာဖက်ကို လောင်စာဆီ တင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်းအစိုးရပိုင် ရေနံလုပ်ငန်း အသင့်ပြင်ဆင်ထားလို့ဆို

ထိုင်းအစိုးရပိုင် ထိုင်းရေနံကြီးကြပ်ရေး ကုမ္ပဏီ လီမိတက် (PTT)ဟာ နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ထိထိရောက်ရောက် ဖြိုခွင်းမယ့် အစိုးရ မူဝါဒအရ သန့်စင် ချက်လုပ်ပြီး လောင်စာဆီတွေ မြန်မာဖက် တင်ပို့မှုကို ကန့်သတ်ဖို့ စီစဉ်နေပါတယ်။

ကိုးကား- Bangkok Post /ဓါတ်ပုံ-PTT

People’s Spring

ထိုင်းအစိုးရပိုင် ထိုင်းရေနံကြီးကြပ်ရေး ကုမ္ပဏီ လီမိတက် (PTT)ဟာ နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ထိထိရောက်ရောက် ဖြိုခွင်းမယ့် အစိုးရ မူဝါဒအရ သန့်စင် ချက်လုပ်ပြီး လောင်စာဆီတွေ မြန်မာဖက် တင်ပို့မှုကို ကန့်သတ်ဖို့ စီစဉ်နေပါတယ်။

ထိုင်းရဲ့ အကြီးမားဆုံး လောင်စာဆီ ကုန်သွယ်ရေး လုပ်ငန်းကြီး PTT လက်အောက်ခံ စက်သုံးဆီ အရောင်းဌာန (OR)ဟာ အိမ်နီးချင်း နိုင်ငံဆီ နယ်စပ်ဖြတ်ကျော် လောင်စာဆီ တင်ပို့မှုတွေကို ရပ်တန့်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းအစိုးရကကျားဖြန့် နှိမ်နင်းရေးနဲ့ ဆက်စပ်ပြီး နှစ်နိုင်ငံ နယ်ခြားဂိတ် ၅ ခုကနေ လောင်စာဆီတွေ တင်ပို့တာမျိုး မလုပ်တော့ဖို့ ညွှန်ကြားလာရင် အဲဒီ အမိန့်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ အသင့်ပြင်ဆင်ပြီး ဖြစ်နေတယ်လို့ ORရဲ့ နိုင်ငံတကာ လုပ်ငန်းဆိုင်ရာ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ရာချာ အူထိုင်ချန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအစိုးရရဲ့အမျိုးသားလုံခြုံရေးကောင်စီ (NRC)ဟာ ကျားဖြန့်တွေဆီ လျှပ်စစ်ဓာတ်အားမရောက်ရှိစေဖို့အတွက် နှစ်နိုင်ငံ နယ်စပ်ကို ဓာတ်အား ထောက်ပံ့မှုတွေ ဖြတ်တောက်ထားစေပြီး ဖြစ်သလို ပိုမို တင်းကျပ်တဲ့ အစီအမံတွေ ထပ်မံ အကောင်အထည် ဖော်လာနိုင်တယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ မှတ်ချက်ပေးထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မှာတော့ မြန်မာပိုင်နက်ထဲမှာ တရုတ် ဒုစရိုက်ဂိုဏ်းတွေ ဦးစီးနေတဲ့ ကျားဖြန့်လုပ်ငန်းတွေ၊တရားမဝင်အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ တည်ရှိရာ နေရာတွေဆီ ဓာတ်အား ထောက်ပံ့မှုကို ထိုင်းက စတင် ဖြတ်တောက်ခဲ့ပါတယ်။

ORရဲ့ စာရင်းတွေအရ မြန်မာဖက်ကို လစဉ် နယ်စပ်ဖြတ်ကျော် တင်ပို့ရောင်းချတဲ့ ဓာတ်ဆီနဲ့ ဒီဇယ် ပမာဏဟာ လီတာ ၁၅ သန်း နဲ့ သန်း ၂၀ ကြား ရှိတယ်လို့လည်း သိရပါတယ်။ ORဆီက စက်သုံးဆီတွေကို မြဝတီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမှာရှိတဲ့ ဆီဆိုင်ကြီးတွေက တဆင့်ဝယ်ယူ ရောင်းချနေတာပါ။

NSCဆီက ညွှန်ကြားချက်အသစ် မရသေးခင် နယ်စပ်ဆီ ထွက်ခွာသွားတဲ့ ဆီတင် ဘောက်ဆာ ထရပ်ကားကြီးတွေကတော့ မြန်မာဖက်ကို မဝင်သေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲလို့ ရာချာက ဆိုပါတယ်။ တကယ်လို့ အဲဒီ ဘောက်ဆာကားကြီးတွေ နယ်စပ်ဖြတ်ကျော်ခွင့် မရတာ သေချာသွားရင်တော့မြန်မာဖက်ခြမ်းကလုပ်ငန်း လက်တွဲဖော် ဆီအရောင်းဆိုင်တွေကို ချက်ချင်း အသိပေးမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထိုင်းအစိုးရဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေတာကြောင့်ထိထိရောက်ရောက်ကိုင်တွယ် ဖြိုခွင်းသွားမယ်လို့ ကြုံးဝါးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အဲဒီ ကျားဖြန့်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေကို လှည့်စားလူကုန်ကူးခဲ့တဲ့ ဖြစ်စဉ်တွေက ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မယ့် တရုတ် ကမ္ဘာလှည့် ခရီးသွားတွေကို တွန့်ဆုတ်စေခဲ့ပြီး တရုတ်ဧည့်သည်တွေအပေါ် ကြီးကြီးမားမားမှီခိုထားတဲ့ထိုင်းကမ္ဘာလှည့် ခရီးသွား ကဏ္ဍအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာတော့ ထိုင်းဝန်ကြီးချုပ်ဖေထောင်ထန်ရှီနာဝပ်ထရာဟာဘေဂျင်းကို သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့သလို ကျားဖြန့်တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

နှစ်နိုင်ငံ နယ်စပ်နားက မြန်မာဖက်ခြမ်းမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေဆီ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ ထောက်ပံ့မှုတွေ မရရှိအောင် ချက်ချင်း ဖြတ်တောက် ရပ်ဆိုင်းဖို့ ထိုင်းဝန်ကြီးချုပ်က မီးစိမ်းပြလိုက်ပါတယ်။

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

ကျားဖျန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီ သည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

သတင်း

ထိုင်းနဲ့ နယ်စပ်နား၊ မြန်မာပိုင်နက်ထဲမှာ လှုပ်ရှားနေတဲ့ လူကုန်ကူး ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်း ခံထားရသူတွေကို ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။