close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက “အထွေထွေကြပ်တည်းမှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့”ဆိုတဲ့ စာသားကိုင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ပြည်သူတွေက “စစ်အာဏာရှင် အလိုမရှိကြောင်း” ၊ “အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြ”၊ “အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ၊ “ပြည်သူ့အားသာ အခရာ”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့”ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာလည်း စကြဝတေးမင်းကြီးသပိတ် ကော်မတီအဖွဲ့ဝင်တွေမှ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “အထွေထွေ ဖိနှိပ်မှုကို အန်တုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ “စာတန်းအားကိုင်ဆောင်ပြီး ပြောက်ကျားသပိတ်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ စကြဝတြေးမင်းကြီးသပိတ်

ဆက်စပ်သတင်းများ

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရခိုင် နှင့် ဧရာဝတီနယ်စပ်ဒေသမှတိုက်ပွဲများတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်သားစုဆောင်းခံရသူများ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ထပ်မံပို့ဆောင်ခံနေရ​ကြောင်းတပ်မိသားစုဝင်အချို့က​ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာ နှင့် ကုက္ကိုလ်ရွာများမှ စစ်ဘေးရှောင်များ၏ တဲအိမ်များအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကလေးငယ်လေးဦးပါဝင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက လူထုနွေဦးသို့ ပြောသည်။